သိုးကျောင်းသားရဲ့ အနတ္တလွင်ပြင်

မိုးသက်ဟန်

600 Kyats ကျပ်
>> ဒီစာအုပ်ကို လက်မလွှတ်ပါနဲ့လို့ပြောရင် အပိုဖြစ်မယ်ထင်တယ်။ ဖတ်လို့လည်းကောင်း တွေးလို့လည်းကောင်းလွန်းလို့ပါ။ Paulo Coeho ရဲ့ The Alchemist ဆိုတဲ့ သူ့လက်ရာတွေထဲက နာမည်ကြီးစာအုပ်ကို ဘာသာပြန်ထားတယ်။ နိုင်ငံတကာမှာ အုပ်ရေသန်း နှစ်ဆယ်ကျော် ရောင်းချရပြီးဖြစ်သလို ဘာသာစကားပေါင်း (၂၀) ကျော်အထိ ဘာသာပြန်ဆိုထားရတဲ့ စာအုပ်။ ပေါ့ပေါ့ပါးပါးနဲ့ ထိထိရှရှခံစားချက်တွေကို ရစေတယ်။ အဓိကကတော့ မိမိအိပ်မက်တွေကို ရဲရဲဝံ့ဝံ့ မဆုတ်မတွန့်ပဲ လိုက်လုပ်ခဲ့ရင် ဘယ်လိုအကျိုးရှိနိုင်လဲဆိုတာ အကောင်းဆုံးဖော်ပြနိုင်တဲ့ စာအုပ်တစ်အုပ်ပါပဲ။ ဒီစာအုပ်ဖတ်ပြီး ကိုယ့်အိပ်မက်နောက်ကို ရဲရဲဝံ့ဝံ့လိုက်နိုင်တဲ့ စိတ်တွေ ပေါက်ဖွားလာပါလိမ့်မယ်။