တယ်လီဖုန်းတီထွင်သူ အလက်ဇန္ဒားဂရေဟမ်ဘဲလ်

မိုးဇက်ပိုင်(မြန်မာပြန်)

600 Kyats ကျပ်
ဒီနေ့ ကမ္ဘာကြီးဟာ ဆက်သွယ်ရေးစနစ်တွေ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး နည်းပညာ အဆင့်အတန်း မြင့်မားတဲ့ ခေတ်တစ်ခေတ်ဆီကို ခပ်မြန်မြန် ချီတက်နေပါပြီ။ တစ်မျိုးပြီးတစ်မျိုး ပေါ်ထွက်လာတဲ့ ဆက်သွယ်ရေးစနစ်တွေနဲ့အတူ လူမှုဆက်ဆံရေးနယ်ပယ်ရဲ့ ချိတ်ဆက်မှု စနစ်တွေကြောင့် တစ်ဦးနဲ့တစ်ဦး ဘယ်လောက်ဝေးနေနေ၊ အဆက်အသွယ်ပြတ်တောက်မှုဆိုတာ ခက်ခဲတဲ့ပြဿနာမျိုး မဟုတ်တော့ပါဘူး။ ဒီနေ့ခေတ်မှာဆိုရင် အခြေခံလူတန်းစားတွေအထိ လက်ကိုင်ဖုန်းကိုယ်စီနဲ့ ခေတ်ရဲ့ ဖြည့်ဆည်းမှုကို ပိုင်ဆိုင်ခွင့် ရခဲ့ပါပြီ။ ဒီလို လက်ကိုင်ဖုန်းတွေ ဖောဖောသီသီ သုံးစွဲနိုင်တဲ့ အခြေအနေမျိုးအထိ ရောက်ဖို့အတွက် အဆင့်ဆင့် တီထွင်ဖြတ်သန်းမှုတွေ ရှိခဲ့ပါတယ်။ အဓိကအကျဆုံးကတော့ ပထမဆုံးတီထွင်မှုပါပဲ။ ယနေ့ ကျွန်တော်တို့လူသားတွေရဲ့ ဆက်သွယ်ရေးကဏ္ဍ အဆင်ပြေချောမွေ့စေဖို့ တယ်လီဖုန်းကို ပထမဆုံး တီထွင်ခဲ့တဲ့ ကျေးဇူးရှင်တစ်ဦး ရှိခဲ့ပါတယ်။ သူ့နာမည်က အလက်ဇန္ဒားဂရေဟမ်ဘဲလ်။ စကားလုံးတွေကို လျှပ်စစ်လှုံ့ဆော်မှုအဖြစ် ပြောင်းလဲစေနိုင်တဲ့ စက်တစ်လုံးကို သူ နှစ်ပေါင်းများစွာ တီထွင်အားထုတ်ခဲ့တယ်။ အဲဒီလျှပ်စစ်လှုံ့ဆော်မှုဟာ ဝါယာကြိုးတစ်ချောင်းကို ဖြတ်သန်းပြီး အခြားတစ်ဖက်အဆုံးမှာ ပြန်ကြားနိုင်စွမ်း ရှိခဲ့တယ်။ အလက်ဇန္ဒားဂရေဟမ်ဘဲလ်ရဲ့ အံ့သြစရာကောင်းတဲ့ အဲဒီတီထွင်မှုကပဲ ယနေ့ ခေတ်မီတယ်လီဖုန်းတွေ ဖြစ်လာစေဖို့အတွက် ပထမခြေလှမ်းပါပဲ။ ဒီခြေလှမ်းအစကြောင့်ပဲ အခုဆိုရင် သင်တို့ ကျွန်တော်တို့ဟာ ခေတ်မီလက်ကိုင်ဖုန်းကိုယ်စီနဲ့ နေ့စဉ်ဘဝကို စမတ်ကျကျ ဖြတ်သန်းနေကြရပါပြီ။ ဒီလို လူသားအကျိုးပြု ရှေးဦးတီထွင်သူတစ်ဦးရဲ့ ဘဝအတ္ထုပ္ပတ္တိနဲ့ သူ့ရဲ့ အံ့မခန်းဖန်တီးမှုတွေအကြောင်းကို သင့်ရဲ့ လက်ကိုင်ဖုန်းကနေတစ်ဆင့် ဖတ်ရှုပြီး ဂုဏ်ပြုလိုက်ရအောင်လား ခင်ဗျ။