အမည်ပေါက်သမီးရည်းစား

မိုးစက်ဝိုင်

700 Kyats ကျပ်
❤ တက္ကသိုလ်ကျောင်းသားဘဝ သူငယ်ချင်းတွေ ကြားထဲမှာ ရည်းစားတစ်ခါမှ မထားဖူးသေးတဲ့ သူတွေရှိတယ်မှတ်လား။ မစွံတာလည်း မဟုတ်ဘူး။ သူတို့ဘာသာသူတို့ မထားကြတာ။ ပြီးတော့ သူငယ်ချင်းတွေဝိုင်းနှိမ်လို့ မခံချင်ဘဲ အလောင်းအစားတွေလုပ်ကြတယ်လေ။ အခုလည်း ‘သားဦး’ ဆိုတဲ့ ကောင်လေးတစ်ယောက်က သူငယ်ချင်းတွေ ရည်းစားရတာကို လာကြွားလို့ စိတ်ပျက်နေတယ်။ ကြွားပါများ နှိမ်ပါများလာတော့ သူငယ်ချင်းတွေကို သူတို့ကောင်မလေးတွေရှေ့မှာ ကောင်းကောင်းထိုးနှက်လိုက်တယ်။ အဲဒီတော့ သူငယ်ချင်းတွေကြား ပြဿနာတက်ပြီး ဂိမ်းတစ်ခုဖြစ်လာတာပေါ့။ အဲဒီဂိမ်းကတော့ ‘ကသစ်နီ’ ဆိုတဲ့ ဉာဏ်နီ၊ ဉာဏ်နက်များတဲ့ ကောင်မလေးကို လိုက်ဖို့ပါပဲ။ ဘာတွေ ဆက်ဖြစ်ကြမလဲ ဆိုတာကတော့ ... ။