ရာသက်ပန် ပရိုဂရမ်

မိုးစက်ဝိုင်

700 Kyats ကျပ်
ဗညားဟာ တကယ်ကို အစအနောက်သန်တဲ့ လူငယ်တစ်ယောက်။ အစအနောက်သန်တဲ့ အကြောင်းအရင်းကလည်း သူ့ကို ဧပရယ်ဖူးလ်နေ့မှာ မွေးခဲ့တာကြောင့်လို့ ဆိုရမလားပဲ။ အဲ့ဒီလိုနဲ့ ဇာတ်လမ်းက ဧပရယ်ဖူးလ်မှာ စခဲ့တာပေါ့။ မွေးနေ့ရောက်တော့ ဗညားက သူငယ်ချင်းတွေနဲ့ လျှောက်မလည်ဘဲ မိုးလင်းကတည်းက ဖုန်းဆက်ပြီး စနောက်ခဲ့တယ်။ နောက်တော့ စိတ်ကူးပေါက်ပြီး သူ့သူငယ်ချင်းတွေရှိတဲ့ မြို့လေးတစ်မြို့ကို သွားဖို့ စီစဉ်လိုက်တယ်။ မြို့လေးဆီ အသွားလမ်းရဲ့ ကားပေါ်မှာ ဗညားတစ်ယောက် စွာတေးလန်လို့ ဆိုရမယ့် ကောင်မလေးတစ်ယောက်နဲ့ ဆုံခဲ့တယ်။ အစအနောက်သန်တဲ့ ဗညားနဲ့ စွာတေးလန်နဲ့ဆိုတော့ ပွဲကကြည့်လို့ကောင်းပြီပေါ့။ အဲ့ဒီလိုနဲ့ ဗညားသွားမယ့် မြို့လေးကို ရောက်တဲ့အချိန်မှာပဲ စွာတေးလန်လေးနဲ့ ဆိုက်ကားတစ်စီးထဲ အတူစီးမိတဲ့ အချိန်မှာတော့ ဘယ်လိုတိုက်ပွဲတွေ ဆက်ဖြစ်မလဲ၊ စနောက်ခြင်းရဲ့ နောက်ကွယ်မှာ ဘယ်လိုဇာတ်လမ်းတွေ ခင်းဦးမလဲဆိုတာကိုတော့ ‘ရာသက်ပန်ပရိုဂရမ်’ ဆိုတဲ့ စာအုပ်ထဲမှာ ပျော်ပျော်ကြီးဖတ်ကြည့်လိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။