မခူးဘဲရွယ် မရွယ်ဘဲစူး

မိုးစက်ဝိုင်

700 Kyats ကျပ်
‘အိမ်အပြန်လမ်းတစ်လျှောက် သစ်ဖြိုးအဖို့ မြင်ရ တွေ့ရသည်များက အထူးအဆန်းတွေ ဖြစ်နေသည်။ သူ့အတွက် မြင်ကွင်းအသစ်တွေ ဆိုလျှင်လည်း မမှား၊ ထပ်ပြောရရင် မကြည့်ဖူးတဲ့ ရုပ်ရှင်ကား အသစ်ကြီးလို။ ကားနောက်ခန်းတွင် ထိုင်နေရင်း သက်ပြင်းချလိုက်မိသည်။ လောလောဆယ် အခြေအနေက သစ်ဖြိုးဆိုသော အမည်ကိုပင် ကိုယ့်နာမည်ဟု လက်ခံထားလိုက်ရသည့် ဘဝ၊ တော်သေးသည်က အမတစ်ယောက် အားကိုးစရာ ရှိနေခဲ့ရခြင်းပင် ဖြစ်သည်။’ ဒီစာအုပ်ဟာ မိုးစက်ဝိုင်ရဲ့ ထူးထူးခြားခြား လက်ရာတစ်ပုဒ်ပါပဲ။ ဆန်းသစ်တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ဆွဲဆောင်မှုရှိရှိ ရေးသားထားတဲ့ ဝတ္ထုဆိုရင်လည်း မမှားပါဘူး။ သစ်ဖြိုးတစ်ယောက် ကားတိုက်ခံရပြီးနောက်ပိုင်း သူ့ မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားတာက စလို့ သူ့ရဲ့ အစ်မလို့ သိရတဲ့ ရွှေစင်ဆိုတဲ့ အမျိုးသမီး၊ ဒီ့နောက် ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာ စာဖတ်သူကိုယ်တိုင် ဖတ်ရှုခံစားကြည့်ပါဦးလို့ ပြောလိုက်ပါရစေ။