ချစ်သော

မိုးစက်ဝိုင်

700 Kyats ကျပ်
‘ကျောင်းသားတစ်ယောက်အဖို့ ကျောင်းနောက်ကျခြင်းသည် ထူးဆန်းသော ကိစ္စ မဟုတ်သည့်အတွက် အဲဒီနေ့က အကြောင်းပြချက် တစ်ခုမျှ မရှိဘဲ မိုးနောင် သွေးရိုးသားရိုး ကျောင်းနောက်ကျလေသည်။ ထို့ကြောင့် ကန်တင်းတွင် ကော်ဖီပင် ဝင်မသောက်တော့ဘဲ ပညာရည်နို့သောက်စို့ရန် စာသင်ခန်းသို့ သုတ်ခြေတင်လာခဲ့ရသည်။ လမ်းလျှောက်နေရင်းလည်း အတွေးတစ်ခု ဝင်လာသေးသည်။ ငါဟာ ပညာရေးအတွက်ဆို အရိုးကြေကြေ အရေခန်းခန်း သင်ယူရန် တက်ကြွသည့် သူပါလားဆိုတာတော့ မဟုတ်၊ ဆရာက မောင်းထုတ်လျှင် ဘယ်လို ပြောရမလဲဆိုသည့် အတွေးပင်။’ ဒီဝတ္ထုကို ဖတ်လိုက်မယ်ဆိုရင် စာဖတ်သူအနားမှာ တက္ကသိုလ်ကျောင်းသားဘဝ အငွေ့အသက်တွေ လွှမ်းခြုံလာပါလိမ့်မယ်။ ကျောင်းသားဘဝ အချစ်ဇာတ်လမ်းလေး ဖြစ်လို့ အားလုံးလည်း သဘောကျမယ် ထင်ပါတယ်။ မိုးနောင်ဆိုတဲ့ ပေါ့ပေါ့ပါးပါး နေထိုင်တတ်တဲ့ လူငယ်တစ်ယောက်နဲ့ နေချိုဆိုတဲ့ မိန်းကလေးတို့ရဲ့ အချစ်ဇာတ်လမ်းမှာ ကြည်နူးစရာ ဟာသအဖြစ်အပျက်လေးတွေလည်း ပါတာမို့ စာချစ်သူတို့ စိတ်နည်းနည်း ညစ်နေရင် ဒီစာအုပ်ကို ခုပဲ ဖတ်ကြည့်လိုက်ပါဦးခင်ဗျ။