လေဒီစာအုပ်ကြီး

မိုးစက်ဝိုင်

700 Kyats ကျပ်
'သူ့ကိုယ်သူ ပြဋ္ဌာန်းချက်တွေနဲ့ ချောင်ပိတ်မိနေတဲ့ ကောင်မလေးပေါ့။ အဲဒါဟာ ကျွန်တော့်ရဲ့ လေဒီစာအုပ်ကြီး' တဲ့။ ဒီလိုလေး စဖွင့်ထားတဲ့ ဆရာမိုးစက်ဝိုင်ရဲ့ လေဒီစာအုပ်ကြီးက ပေါ့ပေါ့ပါးပါးနဲ့ ရယ်မောပြုံးပျော်စေမှာဖြစ်ပြီး စာချစ်သူတွေရဲ့ ဘဝအမောတွေကို ပြေသွားစေနိုင်မယ့် လူငယ်ဖန်စီ အချစ်ဇာတ်လမ်းလေးပါ။ ဒီဇာတ်လမ်းလေးကို ဗွီဒီယိုခေတ်က ဟိန်းဝေယံ၊ ခိုင်သင်းကြည်တို့နဲ့ အချစ်ဇာတ်မြူး ဇာတ်ကားလေးလည်း ရိုက်ကူးခဲ့ဖူးပါတယ်။ ရယ်စရာ၊ ပြုံးစရာ၊ ကြည်နူးရင်ခုန်စရာတွေနဲ့ စာချစ်သူတို့ကို ဇာတ်လမ်းအစကနေ အဆုံးထိ ဆွဲခေါ်သွားမယ့် စာအုပ်တစ်အုပ်လို့ ဆိုပါရစေနော်။