မြားသုံးစင်းပစ်ခွင်းဘယ်သို့ရွယ်

မိုးစက်ပွင့်

700 Kyats ကျပ်
မိုးစက်ပွင့်ကတော့ ထုံးစံအတိုင်း ဝတ္ထုနာမည် လှလှလေးတွေ ပေးတတ်တယ်။ ခုလည်းကြည့်လေ။ မြားသုံးစင်းပစ်ခွင်း ဘယ်သို့ရွယ် တဲ့။ မြားသုံးစင်းဆိုလို့ သုံးပွင့်ဆိုင်လားဆိုတော့ … ။ ဆယ့်ငါးမိနစ် မိနစ်နှစ်ဆယ်လောက်ခြားပြီး မွေးလာတဲ့ အမွှာညီအကို သုံးဦးနာမည်တွေက စွမ်းအင်၊ စွဲအား၊ ဇွဲမာန်။ အမြွှာညီအစ်ကိုပေမင့် ဒီဝတ္ထုထဲက အမြွှာသုံးယောက်တောင်လို့ ဆိုရမှာပေါ့။ တစ်ယောက်တစ်မျိုးစီနဲ့ သူတို့သုံးယောက်အကြောင်း ဖတ်ရတာ ပျော်ဖို့လည်းကောင်းတယ်။ ရုပ်ချင်းတူတာကြောင့် အတုလုပ်ပြီး စသူစ၊ အတုက အစစ်ဖြစ်၊ အစစ်က အတုလုပ်ပြီး စနောက် အဆူခံကြနဲ့ … ကဲ … သူတို့သုံးယောက်က ဘယ်သူ့ကို ရည်လို့ ဘယ်သူ့ကို ရွယ်မှာလဲ။ ဘာတွေ တလွဲတချော်တွေ ဖြစ်လာကြမလဲ၊ ဝတ္ထုလေးကို အပျင်းပြေ ဖတ်ကြည့်လိုက်ရအောင်။