ခြေတစ်လှမ်း

မိုးစက်ပွင့်

600 Kyats ကျပ်
“မောင် ဘာတွေ လျှို့ဝှက်ထားတာရှိလဲ။ မောင် မဉ္ဇူကို မပြောရင် ဘယ်သူ့ကို ပြောမှာလဲ။ မဉ္ဇူကိုမှ မတိုင်ပင်ရင် မောင်ဘယ်သူ့ကို တိုင်ပင်မှာလဲ။ လင်မယားကြားမှာ ဘာတွေများ လျှို့ဝှက်ထားစရာရှိလို့လဲ မောင်။ မဉ္ဇူကို ပြောစမ်းပါ”ဆိုတဲ့ ခင်ပွန်းသည်ရဲ့ ခြေလှမ်းပျက်မှုအပေါ် သောကများ ခံစားနေရတဲ့ မဉ္ဇူ။“မိန်းမပီသတယ် အိမ်ထောင်မှုကိစ္စ နိုင်နင်းတယ်ဆိုတာ ကောင်းပါတယ်။ အိမ်ထဲမှာပဲ ကုပ်နေတဲ့ မိန်းမရဲ့ ယောက်ျား၊ အပြင်မှာ ခြေရှုပ်တာ ယောက်ျားအပြစ် မဟုတ်ဘူး။ အိမ်မှုကိစ္စ လုံးပန်းနေပြီး …အပြင်မထွက်ရင်တော့ မိန်းမရဲ့ အပြစ်ဖြစ်သွားလိမ့်မယ်သမီး”ဆိုတဲ့ မဉ္ဇူရဲ့မေမေ ဒေါ်သိန်းသိန်း။ “ဟား … လက်စသတ်တော့ တရားလိုက တရားခံပြန်ဖြစ်ပါရောလား။ အေး … မင်းပြောတဲ့စကားကို ပြန်ပြီး ချေပရရင် … မိန်းမတွေ ဘဝပျက်ချင်တဲ့အခါ မုသာဝါဒတွေ ပါးစပ်ဖျားမှာ ချိုလာတယ် မဉ္ဇူ။ မင်းဒီလောက် အလှပြင်နေတာ ဘယ်သူ့အတွက်လဲ။ ဒီလောက် အလှပြင်လာတာ မောင်မကြိုက်ဘူး”ဆိုတဲ့ နောင်ညို။ နောင်ညိုနဲ့ မဉ္ဇူတို့ရဲ့ အိမ်ထောင်ရေး အခြေအနေတွေကို လူ့ဘဝမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အိမ်ထောင်ရှင်တွေရဲ့ ဖြစ်ရပ်တွေနဲ့ ချိန်ထိုးပြီး ရေးဖွဲ့ထားတဲ့ မိသားစု သံယောဇဉ်ဖွဲ့ သရုပ်ဖော်ဝတ္ထုတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ခြေတစ်လှမ်းရဲ့ အမှားနောက်မှာ ဘယ်သူတွေ ဘယ်လို ဒုက္ခတွေ့ကြရမလဲ၊ ဘယ်သူတွေ ဘယ်လို ခံစားနာကျင်ကြရမလဲဆိုတာကို သေသေသပ်သပ် ပုံဖော်ထားတာမို့ စာချစ်သူတို့အတွက် အချစ်နူးနူးညံ့ညံ့ဇာတ်မျိုးမဟုတ်ဘဲ ဘဝအသိ၊ အိမ်ထောင်ရေးအသိတွေကိုပါ ရသနဲ့တွဲဖက်ခံစားရစေမှာပါနော်။