KTV မွာ ...

မိုးစွေ

200 Kyats ကျပ်
KTV မှာ သီချင်းသွားဆို၊ သွားကဲရတာကို ပျော်တတ်တဲ့ ဘော်ဒါတွေ ရှိလား။ ရှိရင် ဒီစာအုပ်လေးကို ဖတ်ကြည့်ဦးနော်။ KTV ဆိုတာ ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုတဲ့ ပညာပေးစာအုပ်မျိုး လုံးဝမဟုတ်ဘူး။ KTV မှာ ခြောက်တဲ့ သရဲအကြောင်း ရေးထားတာမှ ဖတ်ရင်း ဖတ်ရင်း ကြက်သီးပါ ဖြန်းခနဲပဲ။ မယုံရင် ဖတ်ကြည့်။ ဇာတ်လမ်းအစကို နည်းနည်းပြောပြမယ်နော်။ နေခြည်တို့၊ ကြယ်စင်တို့၊ သော်တာတို့၊ လမင်းတို့၊ အဲဒီလို နာမည်တွေကိုတော့ KTV ပါးဝနေတဲ့ ဘော်ဒါတွေ ရင်းနှီးပြီးသား ဖြစ်မှာပေါ့။ ဒီဇာတ်လမ်းထဲမှာလည်း မကွေးမြို့တစ်နေရာက စည်ကားတဲ့ KTV တစ်ခုကို အသစ်ရောက်လာတဲ့ သော်တာဆိုတဲ့ ကောင်မလေးနဲ့ ဆံရှည်သရဲတို့ တွေ့ဆုံခန်းကို လိပ်ပြာလွင့်မတတ် ဖတ်ကြရမှာပါနော်။ ဘယ်လောက် ချောက်ချားစရာ ကောင်းမလဲဆိုတာတော့ စာဖတ်သူကိုယ်တိုင် ဖတ်ကြည့်ပြီးမှပဲ ဆုံးဖြတ်ကြည့်ပေါ့။ ဒီစာအုပ်ဖတ်ပြီးလို့ KTV မသွားရဲတော့ဘူး ဆိုရင်တော့လည်း ပိုက်ဆံအကုန်သက်သာပြီး ပိုကောင်းသွားတာပေါ့နော်။