မင်းကိုပိုချစ်လို့ပါ သရဖီ

မိုမိုစု(ဆေးတက္ကသိုလ်)

600 Kyats ကျပ်
“တော်စမ်းပါ မင်းနဲ့ဇွန်နဲ့က အချစ်တော်မို့လား … ဘာလို့ငါ့ကို မင်းတို့နှစ်ယောက် အရူးလုပ်ရတာလဲ … တော်ပါပြီကွာ ဘာမှ မပြောပါနဲ့တော့”ဟု ဆိုကာ သူ ကုက္ကိုပင်အောက်မှ ထွက်ခွာမည်အပြု … “ခဏနေပါဦး တေဇ”သရဖီ ကမန်းကတန်း တားလိုက်သောကြောင့် သူ့ ခြေလှမ်းတွေ ရပ်တန့်သွားပေမည့် နောက်သို့ လှည့်မကြည့်ဘဲ ရပ်နေလိုက်သည်။ မြေမှုန့်တွေနှင့်အတူ လေမှုန်လေးတွေက သူ့မျက်နှာအား လာရောက် ထိတွေ့နေသည်။ “တို့ မင်းကို ရှင်းပြမှဖြစ်မယ် တေဇလွှား” သူမ၏ စကားကြောင့် နောက်ဆက်တွဲ အဓိပ္ပာယ်တွေ စဉ်းစားစရာတွေ ပြန့်ကျဲလာ၏။ သူမျက်နှာထား အနည်းငယ် တင်းကာ သူမဘက်သို့ ပြန်လှည့်လိုက်သည်။ သူမသည်လည်း နှုတ်မှ ဖွင့်ပြောရန် ဝန်လေးနေဟန် တူသည်။ မျက်နှာမှာ အနည်းငယ် ညှိုးငယ်လျက်ရှိ၏။ အမှန်အတိုင်းဆိုလျှင် တေဇလွှား ဒီနေရာကနေ အမြန်ဆုံး ထွက်သွားချင်လှပြီ။ သို့သော် သူမ သူ မသွားအောင် တားလိုက်သောကြောင့် သူရပ်နေမိသည်။ ဝဲယာမှလာသော လေတွေသည် တဟူးဟူးနှင့် တိုက်ခတ်လျက် … ကျောင်းဆောင်ကြီးသည်လည်း ငြိမ်သက်လျက်။ ပတ်ဝန်းကျင်မှ လူတွေအားလုံးလည်း ငြိမ်သက်လျက် …