နေပူထဲလည်း အတူလျှောက်မယ်

မိုဇာလျန်းဝေ

800 Kyats ကျပ်
ဖူးပွင့်အေးမြနဲ့ နဒီလှိုင်းဖြူတို့ ညီအစ်မနှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် သိပ်ချစ်ကြတဲ့ ညီအစ်မတွေပါ။ ဖူးပွင့်အေးမြဟာ အရွယ်ရောက်ချိန်မှာ ချစ်သူတစ်ဦး ပိုင်ဆိုင်ခဲ့တယ်။ ချစ်သူကလည်း လူအေးလူကောင်းမို့ မကြာခင်မှာပဲ လက်ထပ်ပေါင်းသင်းခဲ့ကြတယ်။ ဒါပေမဲ့ ကံတရားဟာ လူတွေကို လှည့်စားတတ်တယ်၊ ပျော်စရာတွေကို ကြာကြာမပေးတတ်ဘူး။ သာယာပျော်ရွှင်စရာကောင်းတဲ့ ဖူးပွင့်အေးမြတို့ အိမ်ထောင်ရေးကို ကြမ္မာမုန်တိုင်း ဝင်စေခဲ့တယ်။ လင်မယားနှစ်ယောက် ခရီးသွားရင်း မမျှော်လင့်တဲ့ ကံတရားက ကားအက်ဆီးဒင့်န်တစ်ခု ဖြစ်ပွားစေခဲ့ပြီး ခင်ပွန်းသည်ကို ပွဲချင်းပြီး သေဆုံးစေခဲ့သလို ဖူးပွင့်အေးမြကိုလည်း ဒဏ်ရာအပြင်းအထန် ရစေခဲ့တယ်။ နဒီလှိုင်းဖြူဟာ စိတ်ရောလူပါ မကျန်းမာတော့တဲ့ အစ်မဖြစ်သူကို သနားလည်းသနား၊ ချစ်လည်းချစ်နဲ့ ဂရုတစိုက် စောင့်ရှောက်ခဲ့ပါတယ်။ ဒီကာလအတွင်းမှာ နဒီလှိုင်းဖြူတစ်ယောက် လွင်မိုးယံဆိုတဲ့ လူတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပြီးနောက်မှာ ဇာတ်လမ်းအဖြစ်အပျက်တွေက ဇာတ်အိမ်အတက်အကျ အနိမ့်အမြင့်တွေနဲ့ လူငယ်တွေရဲ့ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာကို ဖော်ကျူးရေးဖွဲ့ထားတာမို့ စာချစ်သူတို့ ခံစားဖတ်ရှုကြည့်ဖို့ လက်တို့လိုက်ပါတယ်နော်။