အသက်ကိုပေးဝံ့တယ်

မိုဇာလျန်းဝေ

800 Kyats ကျပ်
ယွန်းသစ္စာဆိုတဲ့ မိန်းမချောလေးက ဧည့်လမ်းညွှန်အလုပ် လုပ်တယ်။ သွက်လည်းသွက်၊ ထက်လည်း ထက်မြက်တဲ့ မိန်းကလေးမို့ လူချစ်လူခင်လည်း များပါတယ်။ အလုပ်ကိစ္စနဲ့ ချောင်းသာဘက်ရောက်ခဲ့တဲ့ ယွန်းသစ္စာဟာ အလုပ်အပြီးမှာ အစ်မဝမ်းကွဲအိမ် ဝင်လည်ဖြစ်တယ်။ အစ်မတို့ သားအမိနဲ့ ပတ်သက်ပြီး သူ ကူညီစရာ ကိစ္စတစ်ခု ပေါ်လာတယ်။ အဲဒါကတော့ ငွေဆောင်ကို ဆက်သွားပြီး လူတစ်ယောက်ကို ရှာဖို့ပဲ။ သူ့နာမည်က မင်းခန့်ဘုန်း။ ငွေဆောင်မှာ ရောက်နေပြီး ဟိုတယ်တစ်ခုမှာ တည်းနေတယ်။ အဲဒီညမှာ မင်းခန့်ဘုန်းရဲ့ မွေးနေ့ပါတီ လုပ်စရာရှိတယ်ဆိုတာကိုလည်း ယွန်းသစ္စာ သတင်းရတယ်။ မင်းခန့်ဘုန်းရဲ့ ပါတီကို သွားတက်ပြီး မင်းခန့်ဘုန်းနဲ့ ပတ်သက်ဖို့ ကြိုးစားခဲ့တဲ့ ယွန်းသစ္စာတစ်ယောက် မင်းခန့်ဘုန်းရဲ့ မထင်မှတ်တဲ့ နောက်ကြောင်းအဖြစ်အပျက်တွေကို သိလိုက်ရတဲ့အခါ …