အရင်းခံမေတ္တာဖြင့်သာ

မိုဇာလျန်းဝေ

800 Kyats ကျပ်
နှင်းပန်းဖြူရဲ့ဘဝဟာ သနားစရာကောင်းပါတယ်။ မိဘတွေ ကွယ်လွန်သွားကြချိန်မှာ အားကိုးရာမဲ့နေတဲ့ နှင်းပန်းဖြူကို ဦးလေးဖြစ်သူက ခေါ်ပြီး မွေးစားခဲ့ပါတယ်။ ဦးလေးမိသားစုမှာ အမြွှာသမီးလေးနှစ်ယောက်ရှိတယ်။ သူတို့က နှင်းပန်းဖြူကို နိုင်စားကြတယ်။ ရက်ရက်စက်စက် ဆိုးကြတာမျိုး မဟုတ်ပေမဲ့ အနိုင်တော့ ယူကြတာပါပဲ။ တစ်ခါတလေတော့ သူတို့ စိတ်ကောင်းဝင်ရင် နှင်းပန်းဖြူကို ဂရုတစိုက်တော့ ရှိကြပါတယ်။ ဦးလေးလင်မယားရဲ့ အိမ်ထောင်သက် နှစ် (၂၀) ပြည့်ပွဲကို ဒီနှစ်မှာ အခမ်းနားဆုံး၊ ကြီးကြီးကျယ်ကျယ် ကျင်းပကြမှာ။ အဲဒီနေ့မှာ အမြွှာညီအစ်မနှစ်ယောက်ကို ပွဲထုတ်ဖို့လည်း စီစဉ်ထားကြတယ်။ အဲဒီည … အိမ်ထောင်သက် နှစ် (၂၀) ပြည့်ပွဲညဟာ နှင်းပန်းဖြူဘဝအတွက် အပြောင်းအလဲတွေ ကြုံရတဲ့ ညတစ်ညပါပဲ။ အခမ်းအနားမှာ အမြွှာနှစ်ယောက်နဲ့ ပွဲထုတ်ပျော်ရွှင်နေကြချိန်မှာ နှင်းပန်းဖြူက အလုပ်တွေ တောက်လျှောက်လုပ်ရင်း အိမ်ထဲမှာ ကျန်နေခဲ့ချိန်၊ စာကြည့်ခန်းထဲ ရောက်လာတဲ့ လူနှစ်ယောက်ရဲ့ လျှို့ဝှက်တိုင်ပင်နေကြတဲ့ စကားတွေကို ကြားလိုက်ရတဲ့နောက်မှာ နှင်းပန်းဖြူတစ်ယောက် ဘယ်လို အခက်အခဲတွေ၊ ပြဿနာတွေ၊ အချစ်ခံစားမှုတွေကို ရှေ့ဆက်ကြုံရမလဲဆိုတာကိုတော့ …