သည်းညှာဦး

မိုဇာလျန်းဝေ

800 Kyats ကျပ်
“မမကေသီ ဘာလုပ်ချင်လဲ၊ အိပ်ရာထဲ လှဲမလား” “အင်း … တစ်နေ့တစ်နေ့ ပျင်းလိုက်တာနော်” မျက်စိနှစ်ကွင်း အလင်းမရရှာဘဲ အမြဲတမ်း မှောင်အတိ ဖြစ်နေသော ဒေါ်ကေသီကို ကြည့်ပြီး စာနာစိတ်နှင့် သနားနေသည်။ “မမကေသီကို စာဖတ်ပြပါလား” “ဟုတ်ကဲ့၊ ဘာဖတ်ပြရမှာလဲ” “ဝတ္ထုတစ်ပုဒ်ပေါ့” “ ကောင်းပါပြီ၊ ခင်တာဆီ သွားမေးပေးမယ်နော်” မေစိမ်းဝါက ခင်ခင်တာထံသို့ ထွက်လာခဲ့သည်။ အောက်ထပ် ဧည့်ကြိုနေရာမှာ ရှိနေသော ခင်ခင်တာထံသို့ သွားသည်။ “ခင်တာရေ … နင့်ဆီမှုာ ဝတ္ထုစာအုပ်ရှိလား” …