ရင်မှာသူ့အရိပ်

မိုဇာလျန်းဝေ

800 Kyats ကျပ်
ပိုးလွန်းဖြူတစ်ယောက် မန္တလေးကို အလည်ရောက်လာပြီး ဟိုဟိုဒီဒီ လျှောက်ဝယ်ရင်း လက်ထဲ ပစ္စည်းတွေ တပွေ့တပိုက်နဲ့ သွားနေတုန်း လူတစ်ယောက်နဲ့ ဝင်တိုက်မိပြန်တယ်။ တိုက်မိသူကို ဒေါသနဲ့ မော့အကြည့် ပိုဒေါသဖြစ်သွားစေတာက အဲဒီတစ်ယောက် ဖြစ်နေပြန်လို့ပဲ။ သူတို့ ဆုံတွေ့တာကလည်း ဒါ ပထမအကြိမ် မဟုတ်တော့ဘူးလေ။ သူ့နာမည်က ပိုင်ဇင်မော်။ ပထမအကြိမ်တုန်းကလည်း တိုက်မိပြီးတော့ပဲ ရန်ဖြစ်စကားများပြီး ဒေါကန်ခဲ့ရတာ။ အခု ဒုတိယအကြိမ် ထပ်ဆုံတော့လည်း တိုက်မိရန်ဖြစ် စကားများရပြန်တာပဲ။ တကယ်တော့ ပိုးလွန်းဖြူက ပုဂံကို သွားဖို့ပါ။ ဒါပေမဲ့ မန္တလေးကို အရင်ဝင်လည်ခဲ့ဖြစ်ရင်း ဒီလူနဲ့ ခဏခဏ ဆုံနေတာ။ အမြင်ကတ်စရာလူတစ်ယောက်ပေမဲ့ ဒီနောက်ပိုင်း နောက်တစ်ကြိမ် ထပ်ဆုံပြီးချိန်မှာတော့ ပိုးလွန်းဖြူရဲ့ ရင်ထဲ ပိုင်ဇင်မော် ဝင်ရောက်နေပြီဆိုတာ ပိုးလွန်းဖြူ သတိထားလိုက်မိတယ်။ တကယ်တော့ အချစ်ဆိုတာ ချစ်တဲ့သူရဲ့ အရိပ်ကို ရင်မှာ အမြဲတမ်း ပုံရိပ်ထင်ဟပ်နေစေတဲ့ ဆန်းကြယ်မှုတစ်ခုပဲ မဟုတ်လားနော်။