မင်းပျော်ဖို့ကိုယ်လွမ်းမယ်

မိုဇာလျန်းဝေ

800 Kyats ကျပ်
ချိုလဲ့ရီနဲ့ ဝေဝေထွန်းတို့ သူငယ်ချင်းနှစ်ယောက်က တစ်ယောက်အပေါ် တစ်ယောက် မှီတွယ်ပြီး ချစ်ခင်ကြတဲ့ သူငယ်ချင်းတွေပါ။ နှစ်ယောက်စလုံးက မိန်းမချော မိန်းမလှတွေ ဆိုပေမဲ့ ချိုလဲ့ရီနဲ့ ယှဉ်ရင်တော့ ဝေဝေထွန်းက သိသိသာသာ မှေးမှိန်သွားတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်က အချစ်ဆုံး သူငယ်ချင်းတွေပါပဲ။ ချိုလဲ့ရီ ဆယ်နှစ်သမီးလောက်ကတည်းက မိခင် ကွယ်လွန်သွားခဲ့ပြီး ချိုလဲ့ရီ ကျောင်းပြီးတဲ့အချိန်မှာ ဖခင်ပါ ထပ်ကွယ်လွန်သွားတော့ လောကကြီးထဲ ချိုလဲ့ရီတစ်ယောက်တည်း အထီးကျန်စွာ ကျန်ခဲ့တယ်။ ဒါနဲ့ ဝေဝေထွန်းက ချိုလဲ့ရီရဲ့ တိုက်ခန်းမှာ အတူလာနေပေးတယ်။ ပြီးတော့ ချိုလဲ့ရီအတွက် ဝေဝေထွန်းက သူ့အလုပ်ရှင်ဆီမှာပါ အလုပ်ရဖို့ အညီအကူတောင်းပေးတယ်။ ဝေဝေထွန်းရဲ့ အလုပ်ရှင် ဖြိုးစည်သူက တည်တည်ကြည်ကြည် ခန့်ညားတဲ့ အမျိုးသားတစ်ယောက်။ ဖြိုးစည်သူက သူ့သူငယ်ချင်း မင်းဇေယျာရဲ့ လုပ်ငန်းမှာ ချိုလဲ့ရီကို အလုပ်သွင်းပေးခဲ့တယ်။ ဒီနောက်မှာတော့ ချိုလဲ့ရီရဲ့ အထီးကျန်ဘဝလေးထဲ ဖြိုးစည်သူနဲ့ မင်းဇေယျာဆိုတဲ့ ယောက်ျားနှစ်ယောက် တပြိုင်တည်း ဝင်လာကြတဲ့အခါ၊ ချိုလဲ့ရီတစ်ယောက် ဘယ်သူ့ကို ရွေးချယ်ချစ်တုံ့ပြန်မလဲဆိုတာကိုတော့ …