တင်းလွန်းတဲ့သံယောဇဉ်ကြိုး

မိုဇာလျန်းဝေ

800 Kyats ကျပ်
အသက်နှစ်ဆယ်အရွယ်၊ ခန္ဓာကိုယ် သွယ်လျပြီး ဆွဲဆောင်မှုရှိတဲ့ ကောက်ကြောင်းတွေနဲ့ လှပချောမောတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားပေမဲ့ အနုပညာလောကမှာ ဘယ်လိုမှ မအောင်မြင်၊ မထင်ရှား ဖြစ်နေတဲ့အပေါ် ကိုယ့်ကိုယ်ကိုယ် စိတ်ဆင်းရဲနေတဲ့ ရှင်ယုယ။ အနုပညာစန်း မရှိဘူးလို့ပဲ ပြောရမလားပဲ။ မင်းသမီးတစ်လက် ဖြစ်နိုင်တဲ့ ရုပ်ရည်နဲ့ ခန္ဓာကိုယ်ရော၊ အနုပညာပိုးပါ ရှိပါလျက်နဲ့ ရပ်တည်ဖို့ နေရာတစ်နေရာတောင် မရှိတဲ့ ရှင်ယုယဟာ အတော်ကို စိတ်ဓာတ်ကျနေခဲ့တယ်။ ငှားနေတဲ့ အိမ်ကလည်း လခထပ်မပေးနိုင်လို့ ဆင်းရတော့မယ်။ ရိုက်ကူးရေးအတွက် သူ့ကို ခေါ်သုံးမယ့် ဒါရိုက်တာကလည်း မရှိ။ ဒီလို စိတ်ညစ်နေတဲ့ ရှင်ယုယဟာ မိဘမရှိ၊ တစ်ကောင်ကြွက်အဖြစ်နဲ့ ဖြစ်ချင်ရာ သရုပ်ဆောင်တစ်ယောက်ဖြစ်အောင် ကြိုးစားနေသူပါပဲ။ အနုပညာလောကထဲ စဝင်ခါစက လင်းမြတ်ဆိုတဲ့ မင်းသားတစ်လက်နဲ့ တွဲဖြစ်သေးတယ်။ လင်းမြတ်ကို ချစ်စိတ်၊ အားကိုးစိတ်တွေထားခဲ့ပေမဲ့ လင်းမြတ်ကတော့ ခဏတွဲပြီး အသည်းခွဲသွားခဲ့ပါတယ်။ ဒီလိုနဲ့ ရှင်ယုယတစ်ယောက် ခက်ခဲကြမ်းတမ်းတဲ့ ဘဝလမ်းကို အထီးကျန်စွာ လျှောက်လှမ်းနေတုန်း အချစ်စစ်နဲ့ တွေ့လာတဲ့တစ်နေ့မှာတော့ ရှင်ယုယရဲ့ဘဝလေး ဘယ်လိုပြောင်းလဲသွားမလဲဆိုတာ …