မြန်မာ့ဆွေမျိုးစပ် ဝေါဟာရများ

မာလေး

600 Kyats ကျပ်
>> လူရယ်လို့ဖြစ်လာတယ် ဆိုတာကနေစပြီး အသက်ရှင်နေတဲ့တောက်လျှောက် လူတစ်ယောက်နဲ့တစ်ယောက် ဆွေမျိုးတော်စပ်လာရသလို ဆွေမျိုးတော်စပ်ပုံကိုလည်း သတ်မှတ်ခေါ်ဝေါ်ကြရတယ်မှတ်လား။ အဲဒီသတ်မှတ်ခေါ်ဝေါ်ပုံတွေကလည်း ခေတ်တစ်ခေတ်နဲ့ တစ်ခေတ်မတူတော့ပဲ ကွဲပြားလာကြတယ်။ ဥပမာ မယားလို့ခေါ်ဝေါ်သုံးစွဲလာရာကနေ ဇနီးဆိုတာကိုပါထပ်သုံးစွဲကြသလိုမျိုးပေါ့။ တချို့အဝေါဟာရတွေက ဒီနေ့အထိ သမိုင်းတိတိကျကျ ရှာမတွေ့သေးတာတွေလည်း ရှိတယ်။ အဲဒါတွေက ခယ်မ၊ ခဲအို၊ ဇနီး၊ ယောက်မတို့ပေါ့။ တော်တော်ကိုစိတ်ဝင်စားဖို့ကောင်းတယ်နော်။ ဒီ့ထက်ပိုစိတ်ဝင်စားဖို့ကောင်းတာတွေ အများကြီးပါ။ ဒီစာအုပ်က ကျမ်းမဟုတ်ပါဘူး။ ပြည်သူ့လက်စွဲစာစဉ်ပုံစံဖြစ်လို့ ဖတ်ရတာ လွယ်တယ်။ မှတ်လို့ကောင်းတယ်ဗျ။