ကျွန်တော့်ငွေလ တိမ်ညိုခ၍

မာန်(တောင်လုံးပြန်)

800 Kyats ကျပ်
ဒီစာအုပ်ကတော့ စာရေးဆရာရဲ့ နှလုံးသားကို ဆတ်ဆတ်ခါ နာကျင်ခဲ့ရအောင် ပြုလုပ်ခဲ့တဲ့ အစိုင်အခဲ တစ်ခုပါပဲလို့ စာရေးသူက အမှာစာမှာ ဖော်ပြထားတာ တွေ့ရတယ်။ သူဟာ ယုံကြည်ချက်ကြောင့် ထင်ရာစိုင်းခဲ့တဲ့ ကိစ္စတစ်ခုအဖြစ် ဒီစာအုပ်ကို ဖန်တီးရေးသားခဲ့တာပါတဲ့။ "မမ ကြားတယ်နော်၊ ကျနော်လေ ဆုကြေညာတုန်းက ရင်တွေခုန်နေတာ မမရဲ့၊ ဒါပေမယ့် မမပြောခဲ့တဲ့ မောင်ရကိုရ,ရမယ်၊ လုံးဝ စိတ်မလျှော့နဲ့ ဆိုတဲ့စကားကို ပြန်တွေးနေမိတုန်း ကျနော့်နာမည်ကို ကြေညာကြတော့တာပဲ၊ ကျနော်လေ --- မမ ဖြည်းညှင်းစွာ ခေါင်းယမ်းငြိမ်ကျသွားသည့် မမကို ကျနော် အဆက်မပြတ်ပဲ အော်ခေါ်နေမိစဉ် … ။" ဇာတ်လမ်းကတော့ မင်းမြတ်ဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့ မမတို့ရဲ့ ပက်သက်မှုတွေ၊ နားလည်မှုတွေနဲ့ သင်းနေအောင်ထုံမွှန်းပြီး လောကဓံတွေ၊ လောကကြီးရဲ့ အကြောင်းအရာတွေ အစုံအလင်ကို ပေါ်လွင်နေအောင် ရေးသားထားတာမျိုးပါ။ ချစ်ခြင်း မေတ္တာပဲပေါ့။ အဲ့ဒီလို အချစ်ဇာတ်လမ်း ကောင်းကောင်းလေးတွေ ဖတ်ချင်သူများအနေနဲ့ ဒီစာအုပ်ကို ဖတ်ကြည့်သင့်ပါတယ်။