ခေါစာပစ်တဲ့ည

မအိုစာ

500 Kyats ကျပ်
သိန်း ( ၁၀၀ ) ကြေးလောင်းထားတဲ့စာအုပ် - ခေါစာပစ်တဲ့ည။ [ “ကလေး … မင်းမှန်မှန်ပြောစမ်း၊ ရွာနောက်ပိုင်းက ညောင်ပင်မှာ ကလေးအချင်းချင်း ရန်ဖြစ်ပြီး အယုတ္တ စကားတွေ ပြောခဲ့တယ်မဟုတ်လား” လို့ ခပ်မာမာ မေးလိုက်တယ်။ ဗိန္ဓောဆရာကြီးရဲ့ မျက်လုံးကြီးပြူးပြီး မေးလိုက်တဲ့ စကားကြောင့် ကလေးငယ်ဟာ အကြောက်ပိုသွားပြီး “ကြောက်တယ် … သား … သူ့ကို ကြောက်တယ်အမေ … ကြောက်တယ် … ကြောက်တယ်” လို့ ဆရာကြီးကို လက်ညှိုးထိုးပြီး ပြောလိုက်တယ်။ ] ကလေးဆီမှာ စွဲကပ်နေတဲ့ အမှောင့်ပယောဂတွေကို ပြန်ရုပ်သိမ်းပေးဖို့ ရွာနောက်ပိုင်းက ညောင်ပင်ကြီးဆီမှာ သားဇောကပ်နေတဲ့ မအေးစိန်တစ်ယောက် ခေါစာသွားပစ်တဲ့အခါ၊ ကလေးက မသက်သာတဲ့အပြင် ခေါစာသွားပစ်တဲ့ မအေးစိန်ပါ ရွာကနေ ပျောက်ဆုံးသွားတဲ့ အခါမှာတော့ ….. ။