အစိမ်းမ

မအိုစာ

500 Kyats ကျပ်
ပျော်ပျော်ရွှင်ရွှင် ခရီးထွက်ခဲ့ကြတဲ့ တောင်ကြီးမီးပုံးပျံပွဲမှာ မနှင်းဆီတစ်ယောက် အဒေါ်နဲ့အတူ ညဘက်ကြီး ပွဲခင်းအပြင်ဘက် အပေါ့အပါးသွားရင်း နောက်ပြန်ကျ ချော်လဲရင်း ခေါင်းထိ၊ သွေးထွက်လွန်ရင်း ဆေးရုံရောက်သွားတဲ့အခါ၊ ဆေးရုံ လူနာဆောင် အခန်းနံပါတ် ( ၁၇ ) – [ “မြပွင့်ရေ … ငါတော့ လူနာ သွေးအားကောင်းအောင် အမဲနှပ်ဝယ်လာတယ်ဟေ့” ၊ ဖိုးလေးကြီးက ထမင်းထုပ်ကို စားပွဲပေါ်တင်ရင်း ပြောလိုက်တယ်။ “အို … ဦးလေးကလည်း နှင်းဆီက ခြေလေးချောင်းမှ မစားတဲ့ဟာကို၊ ဘာလို့ အမဲနှပ်ချည်း ဝယ်လာရတာလဲ” ၊ ဒေါ်မြပွင့်က ဦးလေးဖြစ်သူကို လှမ်းပြောလိုက်တဲ့အခါ မနှင်းဆီတစ်ယောက် ခေါင်းထောင်သွားပြီး … “အမဲနှပ် ဟုတ်လား၊ နှင်းဆီ အဲ့ဒါနဲ့ပဲ စားလိုက်တော့မယ်၊ ကျွေးပါတော့” လို့ ပြောလိုက်တယ်။ ဒေါ်မြပွင့်က တူမဖြစ်သူကို အံ့အားသင့်ဟန်နဲ့ စူးစိုက်ကြည့်ရင်း … ။