သင်္ချိုင်းကုန်းက ဟိုတယ်ကြီး

မအိုစာ

500 Kyats ကျပ်
အိုးဘိုရွာရဲ့ သင်္ချိုင်းမြေ… ပိုင်ရှင်ရှိတဲ့ သင်္ချိုင်းမြေ… ပိုင်ရှင်ရဲ့ စေတနာနဲ့ ရွာအတွက်ဆိုပြီး သင်္ချိုင်းကုန်းအဖြစ် လုပ်ကိုင်ခွင့် ပေးခဲ့တယ်…. သို့ပေမယ့် သူရဲ့မြေးတစ်ယောက် တရုတ်သူဌေးက ထိုသင်္ချိုင်းမြေနေရာကို ရွာသူကြီးဆီက ပြန်ယူပြီး ဟိုတယ်ဆောက်မည်လို့ အတင်းအကျပ် မောက်မာစွာ ပြောဆိုခဲ့တယ်။ ရွာသူကြီးနဲ့ ရွာခံ စုန်းမကြီးက သင်္ချိုင်းကို ဖယ်ရှာပေးခဲ့သော်လည်း ၀ါရင့်သဘက်ကြီးကိုတော့ စုန်းမကြီးကိုယ်တိုင် ဖယ်ရှားလို့ မရခဲ့ပေ…။ ဟိုတယ်ကြီးဆောက်လို့ပြီးသွားသောအခါ မှာတော့ ….