facebook တေစၦ

မအိုစာ

500 Kyats ကျပ်
အလုပ်ပြန်ချိန်ရောက်တိုင်း အရက်သောက်ပြီး ပြန်လာတတ်သလို အပြင်မှာ မြာပွေတဲ့ သတင်းတွေက မမိုးသူရဲ့ နားထဲ နားမဆံ့အောင် ပြန်ကြားခဲ့ရတယ်။ မြန်မာမိန်းမတို့ ဓလေ့အတိုင်း တည်ပြီးသား အိမ်ထောင်တစ်ခု ပြိုကွဲမှာ စိုးတဲ့အတွက် ကိုထွန်းမောင် နှိပ်စက်သမျှ ခါးစည်းခံခဲ့သူပါ။ ယခုတော့ ပေါ်ပေါ်ထင်ထင်ကြီး မိန်းမတစ်ယောက်ကို အိပ်ခန်းထဲထိ သွင်းလာကာ … ကိုထွန်းမောင် သိပ်တရားလွန်နေပြီ။ သိပ်ရက်စက်တာပဲ။ သူမရဲ့ ခံစားချက်တွေကို လုံးဝ လျစ်လျူရှုထားတယ်။ ဒါပေမဲ့ … ချစ်ခြင်းမေတ္တာ ဆိုတာက တစ်ခါတစ်ရံ သိပ်ထူးဆန်းတယ်။ ဘယ်လောက်ပဲ နာကျင်အောင် လုပ်ပါစေ မနာကျင်ရက်ဘူး။ သူ ငါ့ကို လုပ်ရက်လေခြင်းလို့ တွေးပြီး ….