သွေးစုပ်သူယောင်မယ်

မအိုစာ

500 Kyats ကျပ်
မြန်မာနယ်စပ်ဒေသ၊ တောမြို့လေးကို ချင်းလွယ်အိတ်ကြီးနဲ့အတူ လူငယ်လေးတစ်ယောက် ရောက်လာခဲ့တယ်။ မောမောပန်းပန်းနဲ့ ဆိုင်တစ်ဆိုင်မှာ စားသောက်ဖို့ ဝင်လိုက်တာဟာ၊ သူ့အတွက် ကံဆိုးတော့တာပဲ။ ဘာလို့ဆို ဆိုင်ထဲက လူသန်ကြီးတွေက သူ့ကို နာမည်ကြီး ဓားပြအဖွဲ့နဲ ပတ်သက်ပြီး လိုက်နေတဲ့ အလွတ်စုံထောက်လို့ ထင်ပြီး ဖမ်းလိုက်ကြတာလေ။ အံ့သြဖို့ကောင်းတာက၊ တကယ့် စုံထောက် သက်ဦးဟာ သူနဲ့ ရုပ်ချင်းဆင်နေတဲ့ ကိစ္စ။ တကယ်တော့ သူဟာ သူ့ဆရာ အောက်လမ်းဆရာကြီးနဲ့ တွေ့ဖို့ နယ်စပ်ဒေသလေးကို ရောက်လာတာ။ ဒီလိုနဲ့ … အက်ရှင်ဆန်ဆန် ထူးထူးဆန်းဆန်း ဇာတ်လမ်းကို ကြိုက်တယ် ဆိုရင်တော့ ဒီစာအုပ်ကို ဖတ်ကြည့်ဖို့ ညွှန်းလိုက်ပါတယ်နော်။