အေမကိုစားတဲ့သမီး

မအိုစာ

500 Kyats ကျပ်
စာအုပ်နာမည် ဖတ်ရတာနဲ့တင် ကြက်သီးထဖို့ ကောင်းနေပါပြီနော်။ တကယ်တော့၊ ဒီစာအုပ်ဟာ ထိတ်လန့် ချောက်ချားဖို့ ကောင်းတဲ့ ဇာတ်လမ်းတစ်ခုသာ မဟုတ်ပါဘူး။ ဒရာမာဆန်ဆန် ရသကိုပါ ခံစားရဦးမှာပါ။ ဇာတ်လမ်းလေးက၊ ကိုသာရင်ရဲ့ ဘဝမှာ ပထမဆုံး ရင်သွေးလေးကို ရရှိတော့မယ်။ အဲ့ဒီအတွက် သူဟာ ဆယ်နှစ်လုံးလုံး စောင့်ခဲ့ရတာ။ ဒါပေမဲ့ ကံကြမ္မာက ကိုသာရင်ကို ရွေးချယ်စရာ မပေးခဲ့ဘူး။ မိန်းမက မီးဖွားနေဆဲမှာ၊ ကလေးအတွက် သားအိမ်ညှစ်အား မရှိတော့တဲ့အခါ။ ကလေးကို ရအောင်မွေးပေးပြီး၊ မိခင်က အသက်ဆုံးလိုက်ရတယ်။ ထူးထူးဆန်းဆန်း ဖြစ်ရပ်ကတော့၊ မွေးလာတဲ့ သမီးလေးမှာ လက်ဖဝါးအပိုကြီး ပါလာလေရဲ့။ ပြောကြတာကတော့၊ အဲ့ဒီကလေးဟာ မကောင်းဘူး။ သူ့အမေကို သူပြန်စားလိုက်တာပဲတဲ့။ ကဲ၊ ကလေး မွေးလာပြီးတော့ ဘာတွေ ဆက်ဖြစ်ကုန်မယ် ထင်လဲ ?