ဟိုင်းဝေး တစ္ဆေ

မအိုစာ

500 Kyats ကျပ်
ရန်ကုန်ကနေ စူပါရုဖ်ကားလေးနဲ့ ထွက်လာတဲ့ လွင်ထွန်း၊ မွန်မွန်နဲ့ သူတို့ရဲ့ သမီးလေး မီးမီးတို့ မိသားစုသုံးယောက် ဟိုင်းဝေးလမ်းမကြီးရဲ့ တစ်နေရာ….. ယောက်ျားဖြစ်သူက ညီမဖြစ်သူနဲ့ ဖောက်ပြန်နေတာကို တွေ့ခဲ့ပြီး အသည်းတွေ ပေါက်ကွဲစွာနဲ့ ကားမောင်းလာရင်း ဟိုင်းဝေးလမ်းမကြီးရဲ့ တစ်နေရာ….. ကားပွဲစား ၀င်းမောင်နဲ့ စောကြီးတို့ ကားနဲ့ စာရွက်စာတမ်းများကို ယူပြီး မောင်းနှင်လာစဉ် ဟိုင်းဝေးလမ်းမကြီးရဲ့ တစ်နေရာ….. ဆီဆိုင်ပိုင်ရှင်ရဲ့ တစ်ဦးတည်းသော သမီး မီးမီးဇော်က အိမ်ရဲ့ တောက်တိုမယ်ရ အလုပ်သမားလေးကို ချစ်လွန်းလို့ ကားတင်ပေးရင်း ဟိုင်းဝေးလမ်းမကြီးရဲ့ တစ်နေရာ….. အားလုံးဟာ တစ်နေရာတည်းပဲ ဆိုသလို အဲဒီ့နေရာနဲ့ အနီးဆုံးမှာ ရှိတဲ့ ရွာကလေးမှာလဲ ထိုနေရာနဲ့ ပတ်သက်ပြီး တွေ့ကြုံခံစားနေရတဲ့ ဟိုင်းဝေးလမ်းမကြီးရဲ့ တစ်နေရာ….