ပုစၦာ

မစန္ဒာ

1000 Kyats ကျပ်
>> ဆရာဝန်ပေါက်စ အောင်ကိုက ရည်မှန်းချက်ကြီးတယ်။ မိဘကချို့တဲ့တော့ သူပိုကြိုးစားရတယ်။ သူ့လိုပဲ ငွေကြေးချို့တဲ့ပေမယ့် ကြိုးစားသူတစ်ယောက်က ဆရာမလေး ထားထား။ ဆရာမလေးကို ကြိုက်နေတဲ့သူက အင်ဂျင်နီယာပေါက်စလေး ဇော်လှိုင်မြင့်။ သူတို့နှစ်ယောက်ကတော့ အဆင်ပြေပါတယ်။ တစ်ယောက်နဲ့တစ်ယောက် သဘောကျကြတယ်။ ဒါပေမဲ့ ဆရာမလေးက ဇော်လှိုင်မြင့်ကို မယုံရဲသေးဘူး။ ဇော်လှိုင်မြင့်တို့ မိသားစုကချမ်းသာတာကိုး။ နောက်တစ်ယောက် ကျန်သေးတယ်။ သူကတော့ အောင်ကိုတစ်ယောက် ကားမှတ်တိုင်မှာ မထင်မှတ်ပဲဆုံမိခဲ့တဲ့ ကောင်မလေးပါ။ ဇာတ်ကောင်များတယ်ဆိုပြီး မရှုပ်သွားပါနဲ့။ အဲဒီအရှုပ်တွေကို ဒီဝတ္ထုထဲမှာ တစ်မျှင်ချင်းစီဖြည်ပြသွားတာကမှ တကယ်ကိုအနှစ်။ အချစ်ရသကောင်းကောင်းကြိုက်တဲ့ သူတွေကတော့ သေချာပေါက် သဘောကျလိမ့်မယ်။