ငယ်သူမို့မသိပါ

မစန်ဒာ

1000 Kyats ကျပ်
စာအုပ်နာမည် ကြားလိုက်တာနဲ့ ဆရာမ မစန္ဒာရဲ့ လက်ရာမှန်း ပြေးမြင်မိကြမယ့် နာမည်ကျော် လက်ရာကောင်း ဝတ္ထုရှည်တစ်ပုဒ် ဖြစ်ပါတယ်။ လူငယ်လူရွယ်တို့ရဲ့ ကလေးဆန်တဲ့ ဘဝကို ဦးစားပေးပြီး သရုပ်ဖော်ထားတဲ့ ဒီဝတ္ထုကိုတော့ ဆရာမ မစန္ဒာက ငယ်ရွယ်စဉ်ကာလ တက်သစ်စ စာရေးဆရာမဘဝမှာ ရေးသားခဲ့တာပါ။ နွယ် … သို့မဟုတ် ဂျစ်တူးဆိုတဲ့ ကောင်မလေး။ ငယ်ရွယ်သူမို့ မသိတတ်တဲ့ အပျိုပေါက်အရွယ် နွယ်က ဂျစ်ကန်ကန် မျက်နှာထား၊ အဝတ်အစား ဖိုသီဖတ်သီ၊ ကလေးဆန်ဆန် အရိုင်းဆန်ဆန် အမူအရာတွေနဲ့တကွ နူးညံ့တဲ့ နှလုံးသား၊ ရိုးသားတဲ့ စရိုက်သဘာဝတွေနဲ့ နွယ်ကို ပုံဖော်ရေးသားထားပါတယ်။ ဆရာမ မစန္ဒာရဲ့ ပွဲဦးထွက် လုံးချင်းဝတ္ထုရှည် ဖြစ်တဲ့ ဒီစာအုပ်ရဲ့ အမှာစာကိုတော့ ဆရာသိန်းဖေမြင့်၊ ဆရာမောင်ထင်၊ ဆရာသော်တာဆွေနဲ့ ဆရာတင့်တယ်တို့က ရေးသားပေးထားကြပါတယ်။