ကွက်လပ်ကလေး ဖြည့်ပေးပါ

မစန်ဒာ

1000 Kyats ကျပ်
>> ဒီစာအုပ်က မိသားစုတစ်စု ဒါမှမဟုတ် အိမ်တစ်အိမ်မှာ အခြားသူတွေထက် လျစ်လျူရှုခံရ ဂရုစိုက်ခြင်း မခံရ အရေးပေးမခံရဘဲ ကွက်လပ်လို ဖြစ်နေသူတို့ရဲ့ စိတ်ခံစားချက် ဝေဒနာတွေကို ကိုယ်ချင်းစာ ခံစားမိသွားစေမယ့် ရသဝတ္ထုတစ်ပုဒ်ပါပဲ။ ဒီဝတ္ထုထဲမှာတော့ မိသားစု မောင်နှမတွေကြားက အလယ်လူလို ဖြစ်နေတဲ့ အလတ်ကလေးတွေ အကြောင်းပေါ့! >> မွေးချင်းမောင်နှမတွေထဲ သိပ်ပြီး အချစ်မခံရဘူးလို့ ခံစားကြရတဲ့အခါ၊ အကြီးဆုံးလိုလဲ ဂရုစိုက်မခံရ၊ အငယ်ဆုံးလိုလည်း အချစ်မခံရတဲ့အခါ မိဘတွေက ကိုယ့်ကို မချစ်ဘူးရယ်လို့ တရားသေ စိတ်စွဲသွားမိတတ်ပါတယ်။ ဒီအချက်ကို စူးမာနဲ့ ကိုတူးတို့ကနေတစ်ဆင့် ဆရာမ မစန္ဒာက ပြောပြထားတာပါ။ >> ဝတ္ထုဖတ်ရင်း မျက်ရည်ဝဲရတယ်။ မျက်ရည်လွယ်သူဆိုရင်တော့ ငိုမိမှာ အသေအချာပဲ။ မောင်နှမ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ရင်ဘတ်နဲ့ မျှဝေခံစားလို့ရတဲ့ ဇာတ်လမ်း။ ဖတ်ပြီးတဲ့အခါ မောင်နှမတွေရှိသူဆိုရင် တစ်ယောက်နဲ့တစ်ယောက် ပိုပြီး ချစ်ခင်မြတ်နိုးတတ်၊ ဂရုစိုက်တတ်လာပါလိမ့်မယ်။ နောက်ပြီး ... အချင်းချင်း ပိုပြီး တန်ဖိုးထားတတ်လာပါလိမ့်မယ်။