မြနန်းနွယ်

မင​​်းသိင်္ခ

1000 Kyats ကျပ်
နောက်တစ်အုပ်ကတော့ မြနန်းနွယ်တဲ့။ လူထူးဆန်း ကြုံတွေ့နေရတဲ့ ဒုက္ခရှစ်မျိုးအကြောင်းကစလို့ လွန်ခဲ့တဲ့နှစ်တစ်ထောင်လောက်ကနေ ခုချိန်ထိ အသက်ရှင်နေပြီး မြနန်းနွယ်လို့ ခေါ်သူ မိန်းမပျိုတစ်ယောက်နဲ့ ကြုံတွေ့ခဲ့တဲ့ မောင်ဖေသော်ရဲ့ အဖြစ်အပျက်တွေ။ လူသားတွေ နေထိုင်တဲ့ အလွှာနဲ့ ဟိုဘက်ဒီဘက် ကပ်နေတဲ့ အလွှာတစ်ခုနဲ့ အဆက်အသွယ် ပြုမိသွားသူ မောင်ဖေသော်။ ဖြစ်ချင်တော့ သူတို့ရဲ့ ဆက်သွယ်ချက်က နှလုံးသားချင်း ဆက်သွယ်မှု။ ဒီဝတ္ထုထဲမှာ လောကီပညာရပ်နဲ့ ပတ်သက်တာတွေ၊ ရှုပ်ထွေးလှတဲ့ ဟိုဘက်လောကရဲ့ တည်ရှိမှု၊ အင်းနဲ့ ဂမ္ဘီရတို့အကြောင်း စတာတွေကို ဆွဲဆောင်မှုရှိလှတဲ့ ဝတ္ထုထဲမှာ စနစ်တကျ နေရာချထားတော့ ဖတ်ရတာ လွှတ်ကိုကောင်းရောဗျာ။