လိုတရကံကြီးရှင်

မင်းမြတ်သူရ

အခမဲ့
မောင်သူရကိုမွေးစားသော မောင်သူရ၏ဖခင်သည် ငယ်စဉ်ကတည်းက မောင်သူရကို ဘုန်းကြီးကျောင်းတွင် ကျောင်းသားအနေနဲ့ အပ်နှံထားခဲ့ပြီး အောက်ပြည်အောက်ရွာကို စီးပွားရှာ ထွက်သွားလေ၏။ မောင်သူရသည် သူငယ်ချင်းများက “အမွဲတကာထွတ်ခေါင်၊ ဖွတ်မင်းနောင်၊ ရေသည်ယောက်ျားနဲ့ ညီအစ်ကိုတော် ထင်တယ်”ဟု နောက်ပြောင်ပြောဆိုရလောက်အောင် ဆင်းရဲရှာ၏။ ဦးပဉ္စင်းကြီးသုက္က၏ ပညာသင်ပေးမှုနှင့်သူငယ်ချင်းများအပေါ် မခံချင်စိတ်ကြောင့် စာကိုကြိုးစားသင်ယူ၏။ တစ်ညတွင် ဘုန်းကြီးကျောင်းသို့ တရုတ်အဘိုးကြီးရောက်လာပြီး မောင်သူရကို ဗေဒင်ပညာ သင်ပေးခဲ့၏။ မောင်သူရသည် ဗေဒင်ပညာကြောင့် ဆင်းရဲမှုမှ ချောင်ချောင်လည် လည် ဖြစ်လာခဲ့၏။ မောင်သူရသည် ဆရာတော်၏ မိန့်ကြားချက်အရ သာမဏေဘ၀သို့ ကူးပြောင်းခဲ့ပြီး ရှင်ကုသလ ဘွဲ့ကိုရရှိခဲ့သည်။ ရှင်ကုသလသည် (၈)၀ါရပြီးနောက် ရဟန်းဘ၀တွင် မပျော်သဖြင့် လူထွက်ခွက်ခဲ့ရာ မောင်သူရနှင့်အတူ ကံကြီးမောင်ပါလူထွက်ခဲ့၏။ မောင်သူရနှင့်ကံကြီးမောင်တို့သည် ရေကြည်ရာ မြက်နုရာ ရှာဖွေရင်း၊ မောင်သူရသည် အောက်ပြည်အောက်ရွာကို စီးပွားရှာထွက်သွားသော ဖခင်ကိုရှာဖွေရင်း ဘ၀ကို ရုန်းကန်ကြရာ ၀ယ် ……