ရမ္မက်၏နိဂုံး

မင်းမြတ်သူရ

800 Kyats ကျပ်
ကလေးဘဝကတည်းက ခင်လာတဲ့ ရွှေတိုး၊ ထားမေနဲ့လှရင်။ ထားမေက ဖခင်ဆုံးပြီး စီးပွားရေး အခက်အခဲကြောင့် ခုနစ်တန်းနဲ့ ကျောင်းထွက်၊ ဘုရားမှာ ပန်းရောင်းနေရတယ်။ လှရင်ကတော့ ပိုက်ဆံရှိ၊ မာနကြီးတယ်။ ထားမေကတော့ သူငယ်ချင်းတွေ ကြားထဲမှာ အချောဆုံး အတောင့်ဆုံးပေါ့။ ရွှေတိုးက ထားမေကို ကရုဏာသက် ဦးစားပေးလေလေ ထားမေအပေါ် လှရင်ရဲ့ မျက်မုန်းကျိုးမှုက ပိုရင့်လေလေပဲ။ ဒါနဲ့၊ ရွှေတိုးမှာ ငွေတိုးဆိုတဲ့ ညီတစ်ယောက် ရှိသေးတယ်။ သူက ထားမေကို မျက်စိ အကျကြီးကျနေတဲ့သူ။ ဒီဝတ္ထုထဲမှာ ဆရာမင်းမြတ်သူရက အဲဒီလိုမျိုး ဇာတ်ကောင်တွေကို အပြိုင်အဆိုင် ချပြထားပါတယ်။ သာမန် အချစ်ဝတ္ထုလို့ ထင်မယ်ဆိုရင်တော့ မှားသွားပါလိမ့်မယ်ဆိုတာ ကြိုပြောထားပါရစေ။