ဆားပုလင်းမင်းအောင် နှင့် ခုနစ်စဉ်ကြယ်ဓား

မင်းမြတ်သူရ

အခမဲ့
ရင်ဘတ်မှာ ဓားမြောင်တန်းလန်းနဲ့ သေဆုံးနေတဲ့ တာမွေင်္ချိုင်းကုန်းထဲက လူတစ်ဦး။ ပေါချာချာစုံထောက်တွေရဲ့ အလယ်မှာ ပါးစပ်အဟောင်းသား ဖြစ်လောက်အောင် အဲ့ဒီ လူသေမှုဖြစ်စဉ်ကို ကိုယ်တိုင် မြင်တွေ့နေသလို သုံးသပ် ပြောနိုင်စွမ်း ရှိတဲ့ စုံထောက်တစ်ဦး။ သင်္ချိုင်းကုန်းထဲမှာ နေထိုင်တဲ့ သုဘရာဇာတစ်ဦးနဲ့ မျက်လှည့်ဆရာတစ်ဦး။ ရန်ကုန်လသာလမ်းတစ်ဝိုက် က ဓားဘုရင်ရှောင်ဖုန်း။ ဒီလိုလူတွေရဲ့ကြား သမားစဉ်အဆက်ဆက် လက်ဆင့်ကမ်းခဲ့ကြတဲ့ ခုနစ်စင်ကြယ်ဓား။ ဒါတွေဟာ ဆရာမင်းမြတ်သူရရဲ့ ဝတ္ထုတွေတိုင်းလိုလိုမှာ တွေ့ရတတ်တဲ့ လျှို့ဝှက်ဆန်းပြားခြင်းနဲ့ ပဟေဋ္ဌိဆန်ခြင်း၊ အားကျနှစ်လိုဖွယ် ကောင်းခြင်းနဲ့ ဗဟုသုတဖြစ်ဖွယ် အကြောင်းအရာများ စသည်တို့ကို ယှက်ဖောက်ရေးဖွဲ့ထားတဲ့ ဇာတ်ကောင်အချို့နဲ့ ဇာတ်ကြောင်းမျိုးမို့ စာဖတ်သူများ ရင်တလှပ်လှပ်နဲ့ ခံစားဖတ်ရှုနိုင်ကြမှာပါ