ကြာပန်းမာလာ

မင်းမြတ်သူရ

800 Kyats ကျပ်
ဒီစာအုပ်ဟာ တိဘက်ဒေသနောက်ခံ စွန့်စားခန်း ဝတ္ထုရှည်တစ်ပုဒ်ပဲ ဖြစ်ပါတယ်။ တိဘက်ဒေသ ရွာကလေးတစ်ရွာက ရိုးသားဖြောင့်မတ်တဲ့ တိဘက်အကြီးအကဲ ရွာလူကြီး ‘ဒရမ’ ရဲ့ သား ‘အာကာသ’ ဆိုတဲ့ လူရွယ်ဟာ ရွာရဲ့ မိရိုးဖလာ အလုပ်တွေကို စိတ်မဝင်စားဘူး။ သူဟာ စာပေ၊ အတွေးအခေါ် ပညာရပ်တွေနဲ့အတူ မြင်းစီး၊ ဓားခုတ်၊ လှံထိုး စတဲ့ အတတ်တွေမှာ ထူးချွန်ပြီး လက်ရုံးရည် နှလုံးရည်နဲ့ ပြည့်စုံတဲ့ လူငယ်တစ်ယောက်ပေါ့။ တစ်နေ့မှာ အာကာသတို့ နေထိုင်တဲ့ ရွာကို ကျင်ယုံဆိုတဲ့ လူစိမ်းတစ်ယောက် ဆေးမြစ်တူးဖို့ ရောက်လာခဲ့ပြီး ကျင်ယုံဟာ ရွာဘုန်းကြီးကျောင်းက ဗုဒ္ဓရုပ်ပွားတော်ရဲ့ ပလ္လင်အောက်မှာ မြှုပ်နှံထားတဲ့ အဖိုးတန် ကြာပန်းမာလာကို ခိုးယူထွက်ပြေး ပျောက်ဆုံးသွားခဲ့ပါတယ်။ သူတို့ရွာသားတွေ မျိုးရိုးစဉ်ဆက် တန်ဖိုးထား ထိန်းသိမ်းခဲ့တဲ့ ကြာပန်းမာလာကို ခိုးယူသွားသူ လူယုတ်မာကျင်ယုံရုံရဲ့ နောက်ကို လိုက်ဖို့အတွက် အာကာသတစ်ယောက် နှင်းဖုံးတောင်တန်းတွေကို ကျော်ဖြတ်ပြီး ခရီးထွက်ရင်း ကြာပန်းမာလာကို ဘယ်လို စွန့်စွန့်စားစား ရှာဖွေရယူတဲ့အခါ ဘယ်လို ဇာတ်လမ်းတွေ ဖြစ်ပေါ်လာမလဲ ဆိုတာကတော့ … ။