သေမင်းရထား

မင်းမြတ်သူရ

800 Kyats ကျပ်
ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားပြီးတဲ့နောက်မှာ မဟာမိတ်တွေ အုပ်စိုးတဲ့ ကက်စ်ဘိခေတ်ကာလဆိုပြီး ရှိခဲ့ဖူးပါတယ်။ အဲဒီခေတ်ကာလက မြန်မာပြည် မြောက်ဖျားမှာ ဗလမင်းထင်ဆိုတဲ့ ခံတပ်တစ်ခု ရှိပါတယ်။ ဗလမင်းထင် ခံတပ် ရှိရခြင်းကတော့ အဲဒီဒေသမှာ ရွှေများစွာထွက်ပြီး ရွှေထွက်ချိန်မှာ တရုတ်လူဆိုးတွေက ဒေသခံ တိုင်းရင်းသားတွေကို ဝင်ရောက်တိုက်ခိုက်ပြီး ရွှေတွေကို လုယက်ယူငင်တာကြောင့် အကာအကွယ်အဖြစ် ရှိနေရတာပါ။ ဗလမင်းထင် ခံတပ်ဆိုတာက မြန်မာစစ်တပ် တပ်ခွဲတစ်ခု။ ဒီတပ်ကို အုပ်ချုပ်သူက ဗိုလ်ကြီးနေဝင်း။ ဒီခံတပ်ကြောင့် တိုင်းရင်းသားတွေကို အနိုင်ယူလုယက်လို့ မရတော့တဲ့ တရုတ်လူဆိုးတွေနဲ့ ခေါင်းဆောင်ဖြစ်တဲ့ တောပုန်းကြီး ချန်းဟာ မြန်မာစစ်တပ်ကို အမုန်းကြီးမုန်းပြီး တစ်နေ့နေ့ တောင်ကုန်းကို သိမ်းပြီး ခံတပ်ကို မီးတင်ရှို့ဖို့ ကြုံးဝါးခဲ့ကြပါတယ်။ ကဲ ... ဒီလို ဇာတ်လမ်းစထားတဲ့ ဆရာမင်းမြတ်သူရရဲ့ သေမင်းရထား ဝတ္ထုက စာချစ်သူတို့အတွက် စိတ်ဝင်စားစရာပါပဲနော်။