ရွှေဘုံစံငွေရံ

မင်းမြတ်သူရ

800 Kyats ကျပ်
လူယုတ်မာ ဘဒင်၏ လုပ်ကြံမှုကြောင့် မိဘမဲ့ဘ၀ကို ရောက်သွားသော မိန်းကလေး မငွေရံသည် သူဌေး ဦးဖိုးစည် အိမ်သို့ရောက်ရှိခဲ့သည်။ တဏှာရူး ဦးဖိုးစည်တွင် မယား သုံးယောက် ရှိသည့်အပြင် မငွေရံကိုလည်း သိမ်းပိုက်ဖို့ ကြံစည်ရာ ဦးဖိုးစည်လက်မှ ထွက်ပြေးရင်း ဒေါ်စိတ်ကောင်းနှင့်တွေ့ဆုံခဲ့၏။ ဒေါ်စိတ်ကောင်းက မငွေရံကို ကြီးပွားချမ်းသာခြင်းနဲ့ပတ်သက်တဲ့နည်းလမ်း (၄)သွယ်ကို သင်ပြပေးလိုက်၏။ မငွေရံသည် မြို့ပိုင်ကတော်ကို အကူအညီပေးရင်း တဏှာရူ စက်သူဌေးအောင်ဦး၏ ဖျက်ဆီးခြင်းကိုခံရသော်လည်း ဘ၀ကို အရှုံးမပေးပဲ ကြိုးစားရုန်းကန်ရင်းကြီးပွားချမ်းသာလာခဲ့၏။ မိဘနှစ်ပါးကို သတ်သွားသော လူယုတ်မာဘဒင်ကိုလည်း လိုက်လံရှာဖွေခဲ့ရာ …