ရွှေချမ်းသာ ငွေချမ်းသာ

မင်းမြတ်သူရ

800 Kyats ကျပ်
ရွှေချမ်းသာ ငွေချမ်းသာကို ဖတ်ရင် ဂမ္ဘီရနဲ့ ပတ်သက်တဲ့ ဂါထာမန္တန် အစီအရင်တွေ တွေ့ရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် တခု ထူးခြားတာက၊ ဒီလို ဂမ္ဘီရပညာရပ်တွေ မပါပေမယ့် ရွှေချမ်းသာ ငွေချမ်းသာကို သေသေချာချာ ဖတ်ပြီး စာအုပ်ထဲက နည်းလမ်းတွေအတိုင်း ကျကျနန လိုက်နာမယ်ဆိုရင် ရွှေလိုချင် ရွှေဖြစ်၊ ငွေလိုချင် ငွေဖြစ် ဆိုတဲ့အတိုင်း ဘဝအတွက် ကြီးပွားအောင်မြင်ရေးကို သေချာပေါက် အထောက်အပံ့ပေးမှာ ဖြစ်ပါတယ်။ ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးတွေရဲ့ ဘဝအောင်မြင်မှုနဲ့ အဆိုအမိန့်တွေကို စုစည်းပြီး ဝတ္ထုအဖြစ် ပေါင်းစပ်ရေးသားထားလို့ စာဖတ်သူအတွက် ထူးခြားတဲ့ စာအုပ်တစ်အုပ်ပါပဲ။ အချက်အလက်ဆန်တဲ့ Motivation စာအုပ်တွေ ဖတ်ရတာ ပျင်းနေပြီဆိုရင် ဒီစာအုပ်ကိုသာ ဖတ်ကြည့်ပေတော့။