မှော်ကြေးမုံ

မင်းမြတ်သူရ

800 Kyats ကျပ်
ဗဒုံမင်းလက်ထက်က ပေါ်ပေါက်ခဲ့တဲ့ ဦးသာအိုဆိုသော သူတစ်ဦး။ နှစ်ပေါင်းတရာကျော်ကာလကို လွန်မြောက် ပြီးတဲ့အချိန်အထိ ဦးသာအိုရဲ့ နာမည်ဟာ ဂမ္ဘီရပညာလောကမှာ နာမည်ကျော်ကြားနေဆဲ။ ဒါပေမယ့် ဦးသာအိုကို အချို့က အလွန်တော်တဲ့ အထက်လမ်းပညာရှင်ကြီးအဖြစ် သတ်မှတ်ကြသလို၊ အချို့ကတော့ အင်မတန်ဆိုးညစ်တဲ့ အောက်လမ်း ပညာရှင်ကြီးအဖြစ် ဆိုစမှတ်ပြုကြတယ်။ နောက် တာမွေသချိုင်းကုန်းထဲက နှစ်ပေါင်းတရာကျော်အုတ်ဂူအတွင်း စန္ဒာဒေဝီဆို တဲ့ နန်းတွင်းအပျိုတော် မိန်းကလေးရဲ့ မပုပ်မသိုးတဲ့ ခန္ဓာကိုယ်။ ဒီလိုအကြောင်းအရာတွေနဲ့ ရေးဖွဲ့ထားတဲ့ “မှော်ကြေးမုံ” ဟာ လျှို့ဝှက်ဆန်းကြယ် ဂမ္ဘီရဇာတ်လမ်းတွေကို နှစ်သက်ကြတဲ့ စာဖတ်သူများအတွက် ဝတ္ထုကောင်းတစ်ပုဒ်ပါ။