နေနဲ့လနှစ်ပါးဆိုင်

မင်းမြတ်သူရ

800 Kyats ကျပ်
စာအုပ်အငှားဆိုင်ခေတ်တုန်းက လက်မလည်အောင် ငှားခဲ့ရတဲ့ ဆရာမင်းမြတ်သူရရဲ့ ဝတ္ထုကောင်းတစ်ပုဒ်။ 'နေနဲ့လ နှစ်ပါးဆိုင်' ဆိုတဲ့အတိုင်းပါပဲ။ ဇာတ်လိုက်နာမည်က နေမင်းကို ကိုယ်စားပြုတဲ့ သူရိယ။ ဇာတ်လိုက်မင်းသမီးနာမည်က လမင်းကို ကိုယ်စားပြုတဲ့ စန္ဒာ။ သူရိယနဲ့ စန္ဒာတို့ တွေ့ကြတာကလည်း မြန်မာပြည်မှာ မဟုတ်ပါဘူး။ ဒီဇာတ်လမ်းက စွန့်စားခန်း ဝတ္ထုတစ်ပုဒ်မို့ ပင်လယ်ခရီး စွန့်စားခန်းတွေ၊ အက်ဒမန်ကျွန်းခေါ် တစ်ကျွန်းကို အရောက်သွားပြီး နေနဲ့လ နှစ်ပါးဆိုင်ဖို့အတွက် ဘယ်လို စွန့်စားကြမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ ဒီဇာတ်လမ်းကို ဗွီဒီယိုခေတ်က ဇာတ်ကားတောင် ရိုက်ခဲ့ကြသေးတယ်ဗျ။ ဝတ္ထုကတော့ ပိုကောင်းတာပေါ့ဗျာ။