ကျောက်စိမ်းအမိန့်တော်

မင်းမြတ်သူရ

800 Kyats ကျပ်
>> တချို့တွေက လူ့လောကထဲတောင် မဝင်ရသေးဘူး ထမ်းရမယ့် တာဝန်တွေ ပိနေတာရှိတယ်။ ကချင်လူမျိုးလေး လဖိုင်ဂမ်လည်း ဒီလိုပါပဲ။ ဖခင်ဖြစ်သူက မုန်းဒူဝါဖြစ်တာကြောင့် မွေးကင်းစကတည်းက သူ့ပုခုံးပေါ်မှာ ဝန်ထုပ်ဝန်ပိုးတွေ အများကြီးရှိတယ်။ ငယ်ငယ်ကတည်းက အဆင့်မြင့်သိုင်းပညာတွေ သင်ရတယ်၊ ခေတ်ပညာတွေသင်ရတယ်။ လဖိုင်ဂမ်က မွေးကတည်းက တခြားကလေးတွေနဲ့မတူပဲ စူးစမ်းအားကောင်း၊ အာရုံစူးစိုက်အားကောင်းလို့တော်သေးတယ်ပြောရမယ်။ လမုန်းဒူဝါတာဝန်ကို ဆက်ပြီးယူရမှာထက် ဆွေမျိုးအဆက်ဆက် ထိန်းသိမ်းခဲ့တဲ့ ကျောက်စိမ်းအမိန့်တော်ကြီးကို ပြန်ပြီးရှာယူရမယ့်တာဝန်က ပိုကြီးတယ်။ ကျောက်စိမ်းအမိန့်တော်က ဘာဖြစ်လို့ ဒီလောက်တာဝန်ကြီးရတာလဲ၊ ခိုးယူသွားတဲ့သူကရော ဘယ်လောက်အထိ ကောက်ကျစ်သလဲ။ တခြားလျှို့ဝှက်တဲ့ ကိစ္စရပ်တချို့၊ ထူးဆန်းတဲ့ အတွေ့အကြုံတွေကိုလည်း ဖတ်ရှုရမှာပါ။