လိပ်ပြာ

မင်းမြတ်သူရ

800 Kyats ကျပ်
မြို့တစ်မြို့မှာ အကြီးကျယ်ဆုံး မှုခင်းကြီးတွေ ဆက်တိုက်ဖြစ်နေတယ်။ တစ်မြို့လုံးလည်း ထိတ်လန့် တုန်လှုပ်နေကြတယ်။ သုံးလအတွင်း လူသုံးယောက်က ထူးဆန်းစွာပဲ အသတ်ခံခဲ့ရတယ်။ မကြာမီမှာပဲ အဲ့ဒီမြို့က ချောမောလှပတဲ့ ဆရာမလေး မနှင်းဖြူတစ်ယောက် ရင်ကွဲတောင်ပေါ်ကနေ အောက်ကို လိမ့်ကျပြီး သေဆုံးသွားတယ်။ ဒီအမှုအတွက် အဓိက တရားခံကို ဆရာမလေးနဲ့ အတူသွားခဲ့တဲ့ ‘မိုးအောင်’ ကို အားလုံးက သံသယ ရှိနေကြတယ်။ ခက်တာကတော့ မိုးအောင်လည်း ထိခိုက်ပြီး အဲ့ဒီရက်က မှတ်ဉာဏ်ကို သတိမရဘဲ ဖြစ်နေပါတယ်။ သူကိုယ်တိုင် သံသယဝင်နေတာကလည်း မြို့ပေါ်က လူသတ်မှုတွေနဲ့ အခုလို ဆရာမလေး သေဆုံးမှုတို့ ဆက်စပ်နေကြတယ်လို့ မြင်ထားတာပါ။ ဒီဝတ္ထုကတော့ စာဖတ်သူကို ဇာတ်လမ်းတစ်ခုလုံးထဲ နစ်မျောသွားစေပါတယ်။ စာဖတ်နေရင်းနဲ့ ဒီအမှုတွေကို စိတ်ပါလက်ပါ စိတ်ဝင်စားလာပါလိမ့်မယ်။ ဆရာမင်းမြတ်သူရရဲ့ ဒီစာအုပ်ထဲမှာ ဘယ်လောက်ထိ စိတ်ဝင်စားဖို့ကောင်းတဲ့ အမှုနဲ့ ဇာတ်လမ်းတွေကို မြင်ရမလဲ ဆိုတာကတော့ အခုပဲ ဒီစာအုပ်ကို ဖတ်ရှုကြည့်ပါလို့ ပြောလိုက်ပါရစေနော်