လနတ္သမီး

မင်းမြတ်သူရ

800 Kyats ကျပ်
အသက်ကြီးမှ အိမ်ထောင်ပြုဖို့ ကြံစည်တဲ့ အဒေါ်ဖြစ်သူကြောင့် စိတ်ညစ်နေတဲ့ အောင်လံတစ်ယောက် အဒေါ်ဖြစ်သူရဲ့ မင်္ဂလာပွဲမှာ သတို့သားဖြစ်သူ ဦးရွှေတလုပ်ကို လုပ်ကြံသတ်ဖြတ်ဖို့ ရောက်လာတဲ့ ချယ်ရီဆိုတဲ့ မိန်းကလေးကို တားဆီးရင်း၊ အပေးအယူတစ်ခုနဲ့အတူ ချယ်ရီခေါ်ဆောင်ရာနောက် ကောက်ကောက်ပါအောင် လိုက်ခဲ့ရပါတယ်။ နယ်စပ်ဒေသက ဆင်ဖြူတိုင်ဆိုတဲ့ ရွာကြီးတစ်ရွာကို ခရီးထွက်ခဲ့ကြတဲ့ အောင်လံနဲ့ ချယ်ရီတို့ဟာ လူဆိုးအဖွဲ့တစ်ဖွဲ့ရဲ့ ဆေးခပ်လုပ်ကြံမှုကြောင့် ညတစ်ညမှာ မှောက်မှားခဲ့မိကြပြီး မမျှော်လင့်ဘဲ ချစ်သူမက၊ လင်မယားမကျ အခြေအနေတွေ ဖြစ်ခဲ့ကြရပါတော့တယ်။ ဒီ့နောက်မှာတော့ ဆင်ဖြူတိုင်ရွာကြီးကို ချုပ်ကိုင်ထားတဲ့ ဘိုးတော်ခေါ် ရှေးဟောင်းပစ္စည်းမှောင်ခိုဂိုဏ်းနဲ့ ဆက်စပ်မိပြီးနောက်မှာ နာမည်ကျော် ပင်လယ်ဓားပြကြီး ယိုးဒယားဝှိုက်ရဲ့ ရတနာသိုက်နောက် လိုက်နေကြတဲ့ လူဆိုးအဖွဲ့တွေကို အောင်လံနဲ့ ချယ်ရီ ဘယ်လို ရင်ဆိုင်ကြမလဲ ? သူတို့ကို လိုက်ပါစောင့်ရှောက် ကူညီနေတဲ့ ကိုချိန်ခွင်ဆိုတဲ့ လူစွန့်စား လူထူးဆန်းတစ်ယောက်ရဲ့ နောက်ကွယ်က ပုံရိပ်အစစ်အမှန်က ဘယ်လိုလဲ ? စတဲ့ စတဲ့ စိတ်ဝင်စားဖွယ်ရာ အလှည့်အပြောင်းတွေနဲ့ ဒီဇာတ်လမ်းက သင့်ကို ဇာတ်လမ်းအစကနေ အဆုံးထိ ဆွဲခေါ်သွားပါလိမ့်မယ်။