မဟာလူသား မောင်ဒင်္ဂါး

မင်းမြတ်သူရ

800 Kyats ကျပ်
>> လူတစ်ယောက်ကြီးပွားတိုးတက်ဖို့အတွက် အရေးကြီးဆုံးအချက်က ကြီးပွားချင်တဲ့စိတ်ပါပဲ။ လူစင်စစ်ဖြစ်လျက်နဲ့ တိရိစ္ဆာန်တစ်ကောင်လို အနှိမ်ခံဘဝနဲ့ နေထိုင်ခဲ့ရတဲ့ ‘ဒင်္ဂါး’မှာ အဲဒီစိတ်က အရှိန်ပြင်းပြင်းနဲ့ တောက်လောင်လာပါတယ်။ ဒါကလည်း၊ မြို့ပိုင်မင်းတစ်ဦးရဲ့ သမီးဖြစ်ပေမဲ့ လူတန်းစားခွဲခြားမှုမရှိဘဲ သူ့အပေါ် ကောင်းကောင်းမွန်မွန်ဆက်ဆံတတ်သူ ‘မိုးနတ်သူဇာ’နဲ့ တွေ့ပြီးတော့ ဖြစ်လာတဲ့စိတ်ပါ။ ဒါပေမဲ့၊ ဒီစိတ်ဟာ သိပ်ကြာကြာတော့ မခံလိုက်ပါဘူး။ ‘ဒင်္ဂါး’ ဘ၀က ကူလီဘဝလေ။ ဒီတော့ ဒင်္ဂါး’ တစ်ယောက် သူလိုချင်တဲ့ ဘဝကိုဘယ်လိုဖြစ်အောင် ဆက်ကြိုးစားမလဲ။ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ရမလဲ ? ဒီဝတ္ထုက လူငယ်တွေတိုးတက်စေမယ်၊ တကယ်ကို စိတ်ခွန်အား မြင့်တက်စေပါလိမ့်မယ်။