ဘဝဟောင်းကမြနှင်းဆီ

မင်းမြတ်သူရ

800 Kyats ကျပ်
မြန်မာပြည်စုံထောက်လောကမှာ စုံထောက်လုပ်ဖို့အတွက် ဘုရားသခင်က ပေးသနားလိုက်သူလို့ ညွှန်းဆိုရတဲ့ ဆားပုလင်းနှင်းမောင်။ ရန်ကုန်မြို့ပေါ်မှာ မြနှင်းဆီအမည်နဲ့ အငြိမ့်မင်းသမီးတစ်ယောက် နာမည်အလွန်ကြီးနေချိန် သေဆုံးသူတွေအနီးမှာ မြနှင်းဆီဆိုတဲ့ စာလုံးကို ရေးသားထားသော လူသတ်မှုများ။ ရွာကလေးတစ်ရွာမှာ မြနှင်းဆိုတဲ့ သေဆုံးသွားသော မိန်းကလေးတစ်ယောက်ကို မြေမြှုပ်သင်္ဂြိုဟ်တဲ့ ညမှာပဲ ရွာသချိုင်းထဲ ကြောက်လန့်ဖွယ် ချောက်ချားမှုတစ်ရပ်နဲ့အတူ သုဘရာဇာလူငယ်လေးဟာလည်း ထူးဆန်းစွာ ပျောက်ဆုံးသွားပါတယ်။ ဒီအဖြစ်အပျက်တွေဟာ ဘယ်ပုံဘယ်နည်း အဆက်အစပ်မှုတွေရှိပြီး ဆားပုလင်းနှင်းမောင်က ဘယ်လိုပညာခန်းတွေနဲ့ လူသတ်မှုတွေကို ဖော်ထုတ်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းလှတဲ့ “ဥစ္စာစောင့်မလေး မြနှင်းဆီ” ဝတ္ထုပဲဖြစ်ပါတယ်။