ပွဲကျောင်းသား မိုးကောင်း

မင်းမြတ်သူရ

800 Kyats ကျပ်
ဒီစာအုပ်ကို ဆရာမင်းမြတ်သူရရဲ့ ဝတ္ထု လက်ရာတွေထဲကမှ အကောင်းဆုံးနဲ့ အရှားပါးဆုံးလက်ရာလို့ ပြောလို့ရပါတယ်။ ‘မိုးကောင်း’ ဆိုတာနဲ့ ‘ပွဲကျောင်းသားမိုးကောင်း’ ဆိုပြီး စာဖတ်သူတွေ စိတ်ထဲမှာ စွဲသွားစေတဲ့အထိ ဒီ ဝတ္ထုရဲ့ လွှမ်းမိုးနိုင်စွမ်းက မြင့်မားတယ်။ မိုးကောင်းဟာ သူ့ခေတ် သူ့အခါမှာတင် လူစွမ်းကောင်း တစ်ယောက် မဟုတ်ဘဲ၊ ဒီဘက်ခေတ်အထိ သူ့ရဲ့ ယောက်ျား ပီသတဲ့ စိတ်ဓာတ်နဲ့ အမူအကျင့်တွေက စာဖတ်သူ လူငယ်တွေအတွက် အားကျစရာ ဖြစ်နေတုန်းပါပဲ။ ဝတ္ထု ဖတ်ရတာ အားရတယ်၊ ဖတ်ပြီး လက်ကမချချင်ဘူး ဆိုတဲ့ ခံစားချက်မျိုးနဲ့ ဖတ်ရမယ့် စာအုပ်ပါ။ ဒီတော့ ... မိုးကောင်းဟာ ဘယ်လိုမျိုး ဝတ္ထုဇာတ်ကောင် ဖြစ်မလဲ ? ပွဲကျောင်းသား ဆိုတာကရော ဘာကို ပြောတာလဲ ? သည်းထိတ်ရင်ဖို ဇာတ်လမ်းတွေက ဘယ်လို ပေါ်ပေါက်လာမလဲ ?