ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်

မင်းမြတ်သူရ

800 Kyats ကျပ်
တစ်ရွာတည်းသား သူငယ်ချင်းဇာတ်ရူးနှစ်ယောက်ကို တစ်ရွာလုံးက အဖက်မလုပ်ကြပေမယ့် တိမ်ညိုနဲ့ သြဘာ ဆိုသူ နှစ်ယောက်တော့ အတွဲညီညီနဲ့ ဇာတ်သဘင်ကို ရူးသွပ်နေခဲ့ကြပါတယ်။ တစ်နေ့တော့ မမျှော်လင့်တဲ့ ကြမ္မာဆိုးက ဇာတ်ရူးနှစ်ယောက်ကို လူသတ်တရားခံတွေဖြစ်အောင် ဖန်တီးလိုက်ပြန်ပါတယ်။ လူသတ်တရားခံတွေအဖြစ် ရွာသားတွေ လက်ကထွက်ပြေးရင်း လင်ဆိုးမယားတဖားဖားဖြစ်နေရတဲ့ ကံဆိုးမလေး မေမေခင်နဲ့ ဆုံတွေ့မိကြတဲ့အခါ “ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်” ဟာ အလွမ်းလား၊ အကြမ်းလား၊ လျှို့ဝှက်သည်းဖိုလား၊ လူမှုဘဝသရုပ်ဖော်လား စသည်ဖြင့် စာဖတ်သူကို အတွေးပွားပွားနဲ့ ဖတ်ကောင်းစေမယ့် ရသတို့ကို ပေးစွမ်းပါလိမ့်မယ်။