ပုလဲနက်သိုက်

မင်းမြတ်သူရ

800 Kyats ကျပ်
ဆရာမင်းမြတ်သူရရဲ့ လျှို့ဝှက်သည်းဖိုဝတ္ထုတွေမှာ ပင်တိုင်ဇာတ်ကောင်ကို အခြေပြုတဲ့ဝတ္ထုတွေနဲ့ အခြားစွန့်စား ခန်းဝတ္ထုတွေရယ်လို့ ရှိကြောင်း စာဖတ်သူများ သိကြမှာပါ။ ဆရာမင်းမြတ်သူရရဲ့ ပင်တိုင်ဇာတ်ကောင်တွေထဲမှာပဲ ဆားပုလင်းမင်းအောင် ဆိုတဲ့ ဥပဒေဘက်တော်သား ဇာတ်ကောင်ကို အခြေပြုတဲ့ ဇာတ်အိမ်တွေရှိသလို၊ ဂျမဒါမင်းဒင်ဆိုတဲ့ မက်ဆိုပိုတေးမီးယားစစ်ပြန် လူစွန့်စားဇာတ်ကောင်ကို အခြေပြုတဲ့ ဇာတ်အိမ်တွေလည်း ရှိပါတယ်။ ဒီဝတ္ထုကတော့ အထက်ပါ ဂျမဒါမင်းဒင်ဆိုတဲ့ လူစွန့်စားဇာတ်ကောင်ကို အခြေပြုပြီး ရေးသားထားတာပါ။ ဒီအထဲမှာ ဂျမဒါမင်းဒင်ဟာ မက်ဆိုပိုတေးမီးယားစစ်မြေပြင်မှာ မြန်မာ့သတ္တိကို ပြသခဲ့ပြီးနောက် မြန်မာပြည်ကို ပြန်ရောက်စ အခြေအနေနဲ့ အစပြုထားပါတယ်။ ဂျမဒါမင်းဒင်ဟာ ရန်ကုန်မြို့ဆိပ်ကမ်းမှာ လူမိုက်အဖြစ်ကြီးစိုးနေချိန် မာယာဆိုတဲ့ အက်ဒမန်ကျွန်းမှာ ကြီးပြင်းလာသူမိန်းကလေးတစ်ဦးနဲ့ စတွေ့မိရာကနေ ဒီဇာတ်လမ်းဟာ ဖြစ်ပေါ်လာရတာပါ။ အက်ဒမန်ကျွန်းဝန်းကျင်က ရိုးသားတဲ့ တိုင်းရင်းသားတွေ၊ ပုလဲငုတ် သမားတွေရဲ့ ဘဝ၊ ပုလဲနက်ရတနာသိုက်တည်ရှိမှု လျှိုဝှက်သည်းဖိုဖြစ်ရပ်တွေနဲ့အတူ ဂျမဒါမင်းဒင်ရဲ့ စွန့်လွှတ်စွန့်စားခန်း တွေကို စာဖတ်သူများ စွဲလမ်းနှစ်သက်စွာ ဖတ်ရှုကြရမှာပါ။