ပုန်းရှောင်သူ

မင်းမြတ်သူရ

800 Kyats ကျပ်
မြန်မာပြည်က မိုးကုတ်မြေဟာ ကမ္ဘာသိထင်ရှားတဲ့ ဒေသတစ်ခုပါ။ ဒီလို ထင်ရှားလူသိများတာက မိုးကုတ်မြေက ထွက်တဲ့ ပတ္တမြားရတနာကြောင့်ပါပဲ။ အနောက်တိုင်းသားတွေဟာ မြန်မာပြည်က မိုးကုတ်ပတ္တမြားကို အင်မတန်နှစ်သက်ကြပါတယ်။ ဒါကြောင့်လည်း ခေတ်အဆက်ဆက်မှာ ပတ္တမြားသယံဇာတကို အလွန်အကျွံတူးဖော်မှုကြောင့် မိုးကုတ်မြေဟာ သူရင်ထဲက ပတ္တမြားရတနာကို ပျောက်ဆုံးရလုမတတ် သယံဇာတအရင်းအမြစ်တွေဟာ ခန်းခြောက်လာရပါတယ်။ ဒီဇာတ်လမ်းထဲက ဇာတ်ကောင်ကိုစောနောင်ဟာ လန်ဒန်တော်ဝင်ရတနာ အကယ်ဒမီတက္ကသိုလ်မှာ ပညာဆည်းပူးခဲ့တဲ့ မိုးကုတ်သားစစ်စစ် ကျောက်မျက်ပညာရှင်တစ်ယောက်ပါ။ ရူပီမိုင်းလို့ခေါ်တဲ့ နိုင်ငံခြား ကျောက်မျက်တူးဖော်ရေးလုပ်ငန်းမှာ အကြောင်းကံမသင့်လို့ ကျောက်မျက်အကဲဖြတ်ပညာရှင်အဖြစ် ဝင်ရောက်လုပ်ကိုင်ရင်း မိမိဒေသထွက် ပတ္တမြားရတနာ သယံဇာတတွေ ခန်းခြောက်လျော့ပါးလာတာကို သိလိုက်ရတဲ့အခါ ဇာတိစိတ်၊ သယံဇာတ်တွေကို မြတ်နိုးစိတ်ကနေ အစပြုတဲ့ ကိုစောနောင်ရဲ့ လျှို့ဝှက်သည်းဖို ကြုံတွေ့လာရတဲ့ ဘဝအချိုးအကွေ့ဇာတ်လမ်းတစ်ပုဒ်ကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။