ဆားပုလင်းမင်းအောင် နှင့် မြွေမင်းသမီး

မင်းမြတ်သူရ

အခမဲ့
"လောကမှာ လက်သီးဆုပ်ထားတဲ့ လူတွေအားလုံး ကြောက်ရွံ့သူတွေပဲ။ လက်ဝါးဖြန့်ထားတဲ့ လူတွေဟာ ရဲဝံ့သူ တွေဖြစ်တယ်” ဆိုတဲ့ လောကအဘိဓမ္မာတစ်ရပ်ကို ဆရာမင်းမြတ်သူရက ဒီဝတ္ထုမှာ ဖော်ညွှန်းထားတယ်။ ဒါ့အပြင် အခုဝတ္ထုမှာ ဓမ္မနဲ့အဓမ္မတို့ ယှဉ်ပြိုင်မှုနဲ့အတူ လောကဓမ္မအရ မှန်ပေမယ့် လူ့အသိုင်းအဝိုင်းမှာ တရားဥပဒေကို လေးစားလိုက်နာဖို့ လိုအပ်ချက်ကိုလည်း လူငယ်တွေ မြင်ရမှာပါ။ လက်ရုံးရည်နှလုံးရည်နဲ့ ပြည့်စုံတဲ့ ဓားပြဂိုဏ်းခေါင်းဆောင် ပတ္တမြားမောင်မောင်၊ အစွမ်းထက်လွန်းလှတဲ့ သူခိုးကြီးဗာ ရာဏသီမိုးမှောင်၊ ရွှန်းဗေဒင်ပညာရှင် ဂျူးအဘိုးကြီး၊ ဗြဟ္မဏလူမျိုးတွေရဲ့ ရှားပါးလှတဲ့ ကြေးပြားအဆောင်ပိုင်ရှင် မြွေမင်းသ မီး၊ ရဲဝံ့စွန့်စားတတ်တဲ့ လူငယ်တစ်ဦး။ ဒီလိုဇာတ်ကောင်တွေနဲ့ ဥပဒေဘက်တော်သားတို့ လူသတ်မှုတစ်ခုကနေ စတင်ပြီးထိပ် တိုက်တွေ့ကြတဲ့အခါ ဆားပုလင်းမင်းအောင်ရဲ့ နှလုံးရည်အစွမ်းသတ္တိနဲ့ ခက်ခဲလှတဲ့ပုစ္ဆာတွေကို ဖော်ထုတ်ချက်က စာဖတ်သူတို့အတွက် စိတ်လှုပ်ရှားဖွယ်ခံစားရသကိုလည်း အပြည့်အဝပေးစွမ်းမှာပါ။